ဆိုင်လေးအတွင်း ဖွင့်ထားတဲ့ Stay with me သီချင်းလေးသည် တိုးသဲ့သဲ့ ပျံ့လွှင့်နေသည်..။ ဤဆိုင်သည် မကြာခဏလာတက်သော ဆိုင်လေးဖြစ်သည်..သူ့ကိုလွမ်းတဲ့အခါ တိုင်းပေါ့..။ အရှေ့စားပွဲခုံမှာတင်ထားတဲ့ မိုခါး ခွက်လေးအားကြည့်လိုက် ပြတင်းပေါက်အပြင်ဘက်က မိုးရေတွေထဲ လှုပ်ရှားသွားလာနေတဲ့ လူတွေအားကြည့်လိုက်နှင့် တစ်ယောက်ထဲလည်းအလုပ်ရှုပ်နေတက်တာ ကျွန်တော့်အကျင့်..။
ပုံမှန်ရက်တွေလိုမဟုတ်ဘဲ ဒီနေ့မှလူတွေရှင်းနေတဲ့ဆိုင်လေးက ကျွန်တော့်အတွက်တော့ တကယ်နှစ်သက်စရာကောင်းသည်..။
ပြတင်းပေါက်သို့ လာရောက်စင်တဲ့ မိုးရေပေါက်တွေဟာ လွတ်လပ်စွာ မြေပြင်ပေါ်သို့ကျဆင်းနေသည်..။
စားပွဲပေါ်က ကော်ဖီခွက်အား လှမ်းကိုင်ကာသောက်ရန်ပြင်တော့ အအေးဓာတ်ကိုရလိုက်တာကြောင့် ပြန်ချလိုက်ရသည်..။နာရီအားလှမ်းကြည့်မိတော့ နေ့လည် 11:00 သာရှိသေးသည်..။ မိုးရွာနေတာကြောင့် အပြာရောင်ကောင်းကင်က အညိုရောင်အဖြစ်သို့ ကူးပြောင်းနေသည်..။ သူမလာသေးဘူးပဲ..။
ခဏအကြာ ဆိုင်တွင်ချိတ်ထားသည့် ခေါင်းလောင်းမှ အသံလေးလွင့်လာသည်..။ သူရောက်လာပြီပဲ..။
"ခင်ဗျား စောင့်ရတာကြာသွားလား."
"မင်းအတွက်ဆို စောင့်နိုင်ပါတယ်..။"
ကျွန်တော့်စကားကြောင့် စိတ်ပျက်သွားသည့် သူ့မျက်နှာအား ကျွန်တော်အမိအရမြင်လိုက်ရသည်..။
"American no တစ်ခွက်ပေးပါ.."
သူပြောလိုက်တဲ့ အမည်နံမအား ကျွန်တော်ကြားပြီးနောက် အံ့သြမိသည်..။ သူအရင်က မိုခါး ပဲသောက်တတ်တာပါ..။ ချစ်ရတဲ့ သူကိုတွေ့တဲ့အခါ အကြိုက်တွေပါ ပြောင်းလာတတ်တာ ချစ်ခြင်းရဲ့ နိယာမတစ်ခု မဟုတ်ပါလား..။
"မင်းပျော်လား.."
"ဆိုပါတော့."
ကျွန်တော်တို့နှစ်ယောက်ကြား ခဏတာ တိတ်ဆိတ်သွားပြန်သည်..။ သူုလက်ပေါ်သို့ အကြည့်ရောက်ခိုက် လက်တကြွယ်တွင်ဝတ်ထားသည့် ရွေရောင်လက်စွပ်လေး..။
စားပွဲခုံပေါ်မှ ကော်ဖီခွက်အား သူကောက်ကိုင်ပြီးတစ်ငုံသောက်လိုက်သည်..။