"ရည်းစားလေးတစ်ယောက်လောက်လိုချင်လိုက်တာ ㅠㅠ "
ကြယ်တွေစုံနေသည့် ညကောင်းကင်ကြီးကိုကြည့်ပြီး မင်ဆော့အော်ဟစ်လိုက်သည် ။ ထိုစဉ် ဟန်မြစ်ကမ်းဘေးရှိ လူများ .. (အတွဲများ)က ဆိုဂျူတစ်ပုလင်းနှင့် မင်ဆော့ကို ဘုကြည့်ကြည့်လာကြသည် ။ မင်ဆော့လည်း သူတို့ကိုမျက်စောင်းထိုးပစ်လိုက်သည် ။ သူတို့ကျတော့အတွဲတွေနဲ့ .. မင်ဆော့လေးမှာတော့ လောကမှာ ရှင်သန်လာတာ ၂၁နှစ်တောင်ရှိပြီ ။ အခုထိရည်းစားမရှိသေးဘူး ။
"မိုးနတ်မင်းကြီးမတရားဘူး ㅠㅠ
ဒီကမင်ဆော့လေးရဲ့ အထီးကျန်မှုတွေကို ဒီအတိုင်းကြည့်နေရက်တယ်လား ㅠㅠ "မင်ဆော့ဖုန်းကိုကောက်ကိုင်လိုက်သည် ။ ပြီးတော့ နံပါတ်အချို့ကိုနှိပ်လိုက်သည် ။
"သေနာလေး။ ဘယ်အချိန်ရှိုပြီ အိမ်ပြန်မလာ ... "
"မေမေ~"
တစ်ဖက်မှဆဲဆိုသံများသည် မင်ဆော့၏ခပ်ဖျော့ဖျော့အသံလေးကြောင့် ရပ်တန့်သွားသည် ။ မင်ဆော့အမေမှာသူ့သားလေး အနိုင်ကျင့်ခံနေရတာများလားလို့ တွေးမိကာ ထူပူသွားရှာသည် ။
"ပြော .. မေမေ့သားလေး ဘယ်နားမှာ ဘာဖြစ်လို့လဲပြော .. "
"ဟန်မြစ်ဘေးမှာ .. အရက်သောက်နေတာ .. အားလုံးက အတွဲတွေရှိတယ်။ သားမှာမရှိဘူး .. မေမေရေ ရည်းစားလိုချင်တယ် ㅠㅠ "
"နင့်ဖာသာနင်အစွမ်းအစမရှိုလို့ .. "
နောက်ပိုင်းသူ့အမေဆက်ပြောမည့် စကားများကို မင်ဆော့ခံနိုင်ရည်မရှိတော့ ဖုန်းချလိုက်တော့သည် ။ ဆုံးဖြတ်ချက်ပါ တစ်ခါတည်း ချလိုက်သည် ။ ဒီညမှ ရည်းစားမရလျှင် အိမ်မပြန်တော့ဘူးဟူ၍ ။
အရက်မူးနေရှာသော ဂင်မင်ဆော့လေးသည် ဘာဆိုဘာမှ မတွေးတတ်ရှာတော့ ရည်းစားရရေးသည်သာ သူ့အရေးဖြစ်နေတော့သည် ။
နီးစပ်ရာစတိုးဆိုင်သို့ပြေးကာ စက္ကူနှင့် ဆော့ပင်ဝယ်ပြီး စာလုံးအချို့ကိုရေးကာ လက်နှစ်ဖက်တွင် ကိုင်ထားရင်း ဟန်မြစ်ကမ်း လျှောက်လမ်းတွင် ယိုင်တိယိုင်တိုင် ရပ်နေရှာသည် ။