《10》

11.5K 1K 71
                                    

Third person view ~

Jungkook , သူ Pack အပြင်ဘက်ကို ထွက်လာရင်း Taehyung
ရယ့် အနံ့နောက်ကိုလိုက်လာလိုက်သည်....တဖြည်းဖြည်းနှင့်ပိုပြင်းလာ
သော scent ကြောင့် Taehyung နားကိုရောက်တော့မည်မှန်း
သိလိုက်ရသည်....

" Taehyung? "

နောက်ကျောခိုင်းထားသော Taehyungကိုမြင်သည်နှင့်
သူလှမ်းခေါ်လိုက်သည်....ထိုအခါ Taehyungက သူ့ကို
အံ့ဩတကြီးဖြင့်လှည့်ကြည့်လာရင်း....

" ဒီမှာဘာလုပ်နေတာလဲ Jungkook? "

" အဲ့တာ ငါမေးရမှာလေTae ~ "

Jungkookက ပြန်မေးလိုက်တော့ Taehyungက သူ့ရယ့်
အပေါ်ကို မော့ကြည့်ရင်း Jungkookကို လက်ညိုးထိုးပြသည်~
ထိုအခါ မြင်လိုက်ရသည်က သစ်ပင်ပေါ်၌ အပေါ်ပိုင်းဗလာဖြင့်
ထိုင်နေသော Jimin....အမှန်တော့ အိပ်နေတာပါ....Jimin
ကြည့်ရတာ ဘာကိုမှ မသိပဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသလိုပင်...

" သူ Pack ကနေ ထွက်သွားလို့ ငါလိုက်လာတာ ~ ထင်တယ့်
အတိုင်း ဒီမှာ လာအိပ်နေတယ်"

"  Wth!! Tae...ဒီလိုညပိုင်းကို သူ့နောက်လိုက်ဖို့အတွက်
Pack အပြင်ကို ထွက်လာတာလား? Tae သူက ကလေးမ
ဟုတ်တော့ဘူး....Tae မင်းရယ့် အနံ့ကို ငါ့ရယ့် packကနေ
တောင်ရနေတယ်....တကယ်လို့ Alpha တွေရသွား
ရင် ဘယ်လိုလုပ်မလဲ? Tae?"

" အာ...ငါ Moon flower မဖြန်းလာရဘူးရယ် ~
အဲ့တာကြောင့်ဖြစ်မှာပါ...."

Taehyungကပြောရင်း Jiminကို သာမော့ကြည့်နေ
သည်မို့ Jungkook ဒေါသထွက်လာသည်...Taehyung
က Jiminကို သူ့ကိုယ်သူထက်တောင်ပိုဂရုစိုက်နေတယ်!
Jiminက Alpha ပဲ....သူ့မှာ ခြေတွေလက်တွေပါတယ်
သူ့ဘာသာ ဂရုစိုက်နိုင်တာကို!!

" Jungkook..."

Taehyungက Jungkookရယ့် ပုခုံးကို အသာပုတ်
လိုက်တော့ သူသတိပြန်ဝင်လာသည် ~ သူကြည့်လိုက်မိ
တော့ Taehyungက သူ့ရယ့် အနောက်ကိုသာ ကြောက်ရွံ့
စွာ ကြည့်နေသည်....ထိုစဉ် အသံတစ်သံကြားလိုက်ရသည်က...

" shit!! "

Jungkook ကျိန်ဆဲလိုက်ရင်းTaehyungကို သူ့နောက်ကျော
ဘက်ပို့လိုက်ရင်း သူ့အရှေ့က Wolf အမဲရောင်ကို သေချာကြည့်
လိုက်သည်....

My Alpha  (KOOKV)✔Where stories live. Discover now