Introducción

181 5 0
                                    

Hello, it's me.

Adele လိုပဲ နှုတ်ခွန်းဆက်ပြီးတဲ့နောက် လှိုက်လှဲစွာ ပြောချင်တာကတော့ "တောင်းပန်ပါတယ်။ တကယ်ကို အားနာပါတယ်" ဆိုတာပါပဲ။

နာမည်လည်း မရှိသေး၊ update ကလည်း မမှန်၊ တင်လိုက်ဖျက်လိုက်ကလည်း ခဏခဏလုပ်တဲ့ စာရေးသူတစ်ယောက်ကို သူ့စာဖတ်တဲ့သူက စိတ်မဆိုးဘဲနေမှာတော့ မဟုတ်ပါဘူး။

စိတ်ဆိုးမှာပါ၊ ဒေါလည်းကန်မှာပါ၊ မေတ္တာတွေလည်း မှန်မှန်ပို့ကြမှာပါ။ (အခုတောင် ခေါင်းတွေကျိန်းချင်နေပါတယ်၊ မေတ္တာတွေ ရနေလို့လားတော့ မသိပါဘူး 😅)

အဲ့ဒါကြောင့် အခုချိန်ထိ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဖတ်တဲ့သူတွေကို အားလည်းနာသလို ကျေးဇူးလည်း အများကြီး တင်ပါတယ်။ အခုမှ လာဖတ်တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ vote နဲ့ comment တွေ ဖောဖောသီသီ ပေးသွားမယ်၊ follow လည်း လုပ်သွားမယ်ဆိုရင်တော့ ကျေးဇူးအနန္တပေါ့နော် 😍😘😍😘

ကျေးဇူးတင်ကြောင်း အားနာကြောင်းတွေ ပြီးသွားတဲ့နောက်မှာတော့ အခုရေးနေတဲ့ fic လေးအကြောင်းကို နည်းနည်းလောက် ပြောပြပါရစေ။

Tu Mondo လို့ နာမည်ပေးထားတဲ့ အခု fic လေးဟာ "Your World" လို့ အဓိပ္ပါယ်ရပါတယ်။ ဟုတ်ပါတယ်၊ တွေ့တဲ့အတိုင်းပဲ ဒီ fic တစ်ခုလုံးမှာ chapter တွေအကုန်လုံးကို စပိန်လိုပဲ Cero (Zero), Uno (One), Dos (Two) စသည်ဖြင့် နာမည်တပ်ထားပါတယ်။ အကြောင်းရင်းကတော့ ထွေထွေထူးထူးမရှိပါဘူး။ အခုတလော စပိန်သီချင်းတွေပဲ နားထောင်ဖြစ်ပြီး စပိန်ဘက် ဓာတ်ကျနေလို့ပါ 😅😂 (ရှိမယ်ထင်သူများအတွက် စိတ်မကောင်းပါ)

ဒီ fic က စုစည်းမှုတစ်ခု collection တစ်ခုလည်း ဟုတ်ပါတယ်။ သူများတွေလို one shot တွေ၊ own creation တွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ၊ စာတိုပေစတွေ၊ မှတ်သားစရာတွေ သီးသီးသန့်သန့်စုတဲ့ collection လှလှပပလေးတွေ မဟုတ်ဘဲ ဗြုတ်စဗျင်းတောင်း၊ သောင်းပြောင်းထွေလာ၊ စိတ်ကူးရရာတွေနဲ့ အဆိုးဆုံးကတော့ အပြီးမသတ်နိုင်ခဲ့တဲ့ အဆုံးထိ ဆက်မရေးဖြစ်တော့တဲ့စာတွေကို စုစည်းထားတဲ့ ပါချင်တာပါလာမယ့် collection ပါ။

ဒါကြောင့် စာဖတ်သူတွေကို ပြောချင်ပါတယ်။ ဒီ collection ကို ဖတ်ပြီဆိုရင် ခေါင်းထဲထည့်ထားရမှာက "ဒီလူက အပြီးထိ ရေးမထားဘူး" ဆိုတာပါပဲ။ တစ်ခါတရံမှာ ဖတ်ရင်းနဲ့ "အင်း.. ငါသာဆို ဘယ်လို အဆုံးသတ်လိုက်နိုင်တယ်။ ဇာတ်လမ်းကို ဘယ်နေရာပြင်ပြီး ဘယ်လိုထပ်ချဲ့လိုက်မယ်" ဆိုတဲ့အတွေးမျိုး ပေါ်လာရင်တော့ တုံ့ဆိုင်းမနေဘဲ ခေါင်းထဲပေါ်လာသမျှ ချက်ချင်းကောက်ရေးလိုက်ပါ။

ဘာလို့လဲဆိုတော့ Tu Mondo (Your World) ကို ရေးရခြင်းရဲ့ ပထမရည်ရွယ်ချက်က စာဖတ်သူတွေကို စောင့်စရာမလိုတဲ့ စာကို ဖတ်နိုင်စေဖို့ဆိုရင်၊ ဒုတိယရည်ရွယ်ချက်ကတော့ ရေးချင်ပေမယ့် လောလောဆယ် ဘာမှစဉ်းစားလို့ မရသေးသူများအတွက် စိတ်ကူးဉာဏ်ကွန့်မြူးစရာ ဖြစ်စေဖို့အတွက်ပါ။

ဒါကြောင့်မို့လို့ ထပ်ပြောချင်တာကတော့ Tu Mondo (Your World) မှာ ပါလာသမျှ စာစုအကုန်လုံးကနေ အိုင်ဒီယာယူပြီး ကိုယ့်စိတ်ကြိုက် ပြန်ရေးနိုင်ပါတယ်လို့။ ခွင့်တော့ လာတောင်းရမှာပေါ့နော်။ စိတ်ကူးဉာဏ်ကွန့်မြူးစေချင်တာ မှန်ပေမယ့် Plaigarism တော့ မထိစေချင်လို့ပါ။

နောက်ဆုံးပြောစရာကတော့ Tu Mondo (Your World) မှာတင်မယ့် တချို့စာတွေကတော့ စာရေးသူကို သောက်မြင်ကပ်ခံရစေမယ့်ဟာလေးတွေ ပါပါတယ်။ အဲဒီတော့ အားပေးတဲ့အနေနဲ့ comment လေးတွေ စွန့်ကြဲသွားကြမယ်ဆိုရင်ဖြင့် အရမ်းဝမ်းသာမိမှာပါ။

စာကြွင်း။ ။Rain_Krystal မှာတင် မဟုတ်ဘဲ AL_LUKAR မှာပါ Tu Mondo (Your World) ကိုတင်ထားပါတယ်။ ဒီမှာမပါတဲ့စာတချို့ကို အဲဒီမှာတင်မှာ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
Rain_Krystal

Tu Mondo (Your World)Where stories live. Discover now