စာလုံးရေ ၂၀၀၀၀ နီးပါးရှိပါတယ်။ အပိုင်းမခွဲချင်တာနဲ့ အကုန်ပေါင်းလိုက်တယ် 😅 ဖတ်ရင်း ပျင်းမှာလဲ စိုးရိမ်တယ် 😞 နောက်ပိုင်း စိတ်ပါရင်ပါသလို one shot လေးတွေ တင်ပေးပါမယ် 😀 နောက်ပြီး ဒီဟာက ဆင်တူရှိချင်လည်း ရှိမှာပါ…ကိုယ်လည်း fanfic တွေ အဖတ်များပြီး ရေးမယ်လို့ idea ရတော့လည်း သိပ်မကွဲတာပဲ ထွက်လာလို့ အဲ့တာပဲ ရေးလိုက်သည် 😂
…
မြို့ငယ်လို့ ပြောရလောက်အောင်ကလည်း ဒီမြို့က ကျဉ်းပေမယ့် အရမ်းကို လူများပြီး စည်ကားနေပြန်သည်။ အခြားမြို့မှ ကုန်သည်များ အဆက်မပြတ် ဝင်ထွက်နေကြသည်။ လမ်းမကြီးကလည်း ဖြတ်သွားဖြတ်လာများနှင့် ပြည့်နှက်နေသည်။ ဝတ်ထားသော အဝတ်အစား၊ အဆင်အယင်များကို ကြည့်ခြင်းဖြင့် မြို့သူမြို့သားများ မဆင်းရဲကြောင်း သိနိုင်သည်။
တစ်ကယ့်ကို ဒီအင်ပါယာကြီးက…နယ်စွန်နယ်ဖျားက မြို့ငယ်လေး၏ စည်ပင်သာယာဝပြောမှုသည်ပင် မြို့ကြီးများနောက်မကျန်ရစ်ပေ…
ဆူညံပြီး လူကျနေသော စားသောက်ဆိုင်ထဲသို့ မျက်မှောင်ကြုပ်ထားသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက် ခြေလှမ်းပေါ့ပေါ့ပါးပါးနှင့် ဝင်ရောက်လာခဲ့သည်။ ဆိုင်ပတ်ပတ်လည် ကြည့်လိုက်တော့ စားသောက်ဆိုင်အလယ်က စားပွဲတစ်လုံးသာ အလွတ်ဖြစ်နေသည်။ လူနှစ်ယောက်စာ စားပွဲတွင် တစ်စုံတစ်ယောက်က ကြိုတင် နေရာယူထားပြီးပြီ။ သို့သော် တစ်ခြား နေရာလွတ် မရှိသောကြောင့် သူ့တွင် ရွေးချယ်စရာမရှိ…
"တစ်ဆိတ်လောက်ပါ မိတ်ဆွေ…ဒီခုံ လွတ်တယ်ဆိုရင် ကျွန်တော် ထိုင်လို့ ရမလား…"
စားပွဲတွင် ထိုင်နှင့်သော အမျိုးသားကို သူ ယဉ်ကျေးစွာပင် မေးလိုက်သည်။ ထိုအခါ စကားနည်းဟန်ရှိသော အမျိုးသားက ခေါင်းတစ်ချက်ပဲ ငြိမ့်ပြသည်။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေ…"
ဆာလောင်နေသော သူ့ဗိုက်ကို ဖြည့်ဆည်းရန်နှင့် ခြောက်ကပ်နေသော လည်ချောင်းကို စိုစွတ်ရန် သူ အဆင်သင့်ဖြစ်နေပြီ။ သို့သော် ဒီအနီးနားက အကောင်းဆုံး စားသောက်ဆိုင် ဟူသည့် ဂုဏ်ပုဒ်နှင့် လျော်ညီစွာ စားပွဲထိုးအားလုံး ကိုယ်စီ အလုပ်ရှုပ်နေပြီး သူ့ကို သတိမထားမိကြပေ…
YOU ARE READING
Strong Bond (HHYL Fanfic)
Fanfictionဘယ်လောက်ပဲ ဝေးကွာနေပါစေ...ကံကြမ္မာက သူတို့နှစ်ဦးကို ပြန်လည် ဆုံစည်းစေလိမ့်မည်...