"ကိုယ်တို့လမ်းခွဲရအောင်"
ဘုရားရေ သူဘာပြောလိုက်တယ် လမ်းခွဲရအောင်ဟုတ်လား ကျွန်တော်နားကြားများလွဲလေသလား"Yeol ahငါနားဆေးခန်းသွားပြမှထင်တယ် ငါမင်းပြောတာကိုလေ လမ်းခွဲရအောင်ဆိုပြီးကြားနေတယ်သိလား ဟားဟား"
"Hyunကိုယ်တောင်းပန်ပါတယ်ကွာ"
"Yeol မင်းငါ့ကိုနောက်နေတာမလား မင်းကလဲ နောက်မယ်ဆိုလည်း တစ်ခြားအကြောင်းအရာနဲ့နောက်ပါကွာ ဒါကမရီရဘူးကွ"
"ကိုယ်နောက်နေတာမဟုတ်ဘူးHyun"
"ဘာလို့လဲ..ဘာလို့လဲ..ဟမ် ငါ..ငါ ဘာအမှားများလုပ်မိလို့လဲ"
"Hyunဘာအမှားမှမလုပ်မိပါဘူး တကယ်က ကိုယ်...ရည်းစားအသစ်ရနေပြီ"
"ဘာ..ရည်းစားအသစ်ဟုတ်လား ဘယ်သူလဲ"
"Yoon Soo"
"Yoon Soo!ပထမနှစ်ကKim Yoon Sooလား"
"ဟုတ်တယ်"
"အင်းပါ..ဒါဆိုလဲလမ်းခွဲကြတာပေါ့ ကောင်မလေးကချစ်စရာလေးပါ မင်းနဲ့လဲလိုက်ပါတယ် ပျော်ပျော်ရွှင်ရွှင်နေကြနော်Yeol"
"ကိုယ်တောင်းပန်ပါတယ်Hyun"
"ရပါတယ်Yeolရယ် မင်းမှငါ့ကိုမချစ်တော့ဘဲဟာ လမ်းခွဲလိုက်တာကအကောင်းဆုံးနည်းလမ်းပါပဲ ငါသွားတော့မယ်နော်
ကျလာတောမဲ့မျက်ရည်တွေကိုသူမမြင်အောင်ခပ်မြန်မန်ပဲထထွက်လာခဲ့လိုက်တယ် ကျွန်တော်Yeolကိုတကယ်မချစ်လို့လမ်းခွဲပေးလိုက်တယ်ထင်တယ်မလား တကယ်ကမဟုတ်ဘူး ချစ်လွန်းလို့လမ်းခွဲပေးခဲ့တာ ဆွဲထားတော့ကောဘာထူးမှာလဲ အဲ့တော့Yeolပျော်ရွှင်ရအောင် ကျွန်တော်ကပဲရင်အကွဲခံပြီးစွန့်လွှတ်လိုက်တော့မယ် တကယ်ဆို ကျွန်တော်ကပဲ တစ်ဖက်သတ်ချစ် ကျွန်တော်ကပဲဟပြီးဖွင့်ပြောခဲ့ရတာမလား သူ့ဘက်ကကျွန်တော့ကိုချစ်တောင်ချစ်ခဲ့ဖူးရဲ့လားတောင်မသိဘူး
ကျောခိုင်းထွက်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီးဂသက်ပြင်းတွေချမိတယ် တကယ်ဆို ဒီလိုHyunဘက်ကနေအသာတကြည်လမ်းခွဲပေးတာကို သူပျော်နေရမှာမဟုတ်ဘူးလား တကယ်ဆိုHyunရဲ့အရမ်းဂဂရုစိုက်မှုတွေ သဝန်တိုမှုတွေကို ငြီးငွေ့လာလို့ ရည်းစားအသစ်ထားပြီး လမ်းခွဲခဲ့တာမဟုတ်ဘူးလား ဘာလို့တစ်ခုခုလစ်ဟာသွားသလိုခံစားချက်ကြီး ခံစားနေရတာပါ့လိမ့်