ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ဆိုတဲ့စကား
ဟာ သိပ်ကိုမှန်တယ်လို့ လက်ခံလိုက်ရတဲ့နေ့.....ရက်ပေါင်းလပေါင်းများစွာ ယုံကြည်ထားလက်ခံခဲ့တဲ့
ဘယ်တော့မှ ထပ်မတွေ့နိုင်တော့ဘူးဆိုတဲ့
အတွေးကို စွန့်ပစ်လိုက်ရတဲ့နေ့......အင်း...ကမ္ဘာကြီးတောင် ကျဉ်းကျဉ်းလေးဆိုရင်....ဒီ England မြို့ရဲ့ လမ်းတွေက ဘာများပြောပလောက် ပါသလဲ....
"မတွေ့တာကြာပြီနော်..."
"အင်း....တိုက်တိုက်ဆိုင်ဆိုင်ပဲ တွေ့ဖြစ်ကြတယ်"
နှုတ်ခမ်းတွေကို ဆွဲဆန့်ထားမိတဲ့ အပြုံးတုဟာ
တစ်ဖက်လူအမြင်မှာတော့ ပေါ့ပေါ့ပါးပါး
ရယ်သွေးသွမ်းမှု တစ်ခု....
ကာလတွေကြာတာနဲ့အမျှ
ရင့်ကျက်မှုလို့ အမည်ခံထားတဲ့ တချို့ဟန်ဆောင်မှုတွေကို ဦးနှောက်ရဲ့အကူအညီနဲ့ ကောင်းကောင်းအသုံးချတတ်နေခဲ့ပြီ....လျှပ်တစ်ပျက်အတွင်း ပြင်ယူလိုက်တဲ့ကိုယ့်မျက်နှာသာ မသေမသပ် ဖြစ်နေသလားမသေချာပေမယ့်
အရင်နှုတ်ဆက်လာသူရဲ့ ဆီမှာတော့
အနေခက်သည့် အရိပ်အယောင် ဆံချည်တစ်မျှင်စာတောင်ရှာ မတွေ့...ငါးနှစ်...လပေါင်း ခြောက်ဆယ်...ရက်ပေါင်း
ထောင့်ရှစ်ရာကျော် ကာလဝေးကွာ ကြာမြင့်ခဲ့သည့်တိုင်...
မျက်နှာမြင်ရုံနဲ့ ဂယက်ထလာခဲ့သည့် ခံစားချက်ပေါင်းစုံအတွက်...ရင်ဘတ်ထဲက ခုန်လှုပ်နေတဲ့ကောင်ကိုပဲ
အမှတ်မရှိရကောင်းလားလို့ အသံတိတ် ဆူပူမောင်းမဲ ပစ်လိုက်သည်..."ဒီကို ဘာကိစ္စနဲ့လဲ..."
"အလုပ်က လွှတ်တဲ့ လေ့လာရေးခရီးအတွက်..
45daysလေ...""Aww"
စကားသံတွေပြတ်သွားတော့...
အဓိပ္ပာယ် မဲ့ ခပ်တိုးတိုးရယ်ရင်း နှုတ်ဆက်ဖို့လမ်းစရှာကြည့်မိသည်....အခုချိန်ထိ မြင်ကွင်းထဲစွဲကျန်ခဲ့သည်က
ထပ်ဆုပ်ထားတဲ့လက်တစ်စုံ...
ဘေးချင်းယှဉ်ရပ်နေတဲ့... နုနုနွဲ့နွဲ့ပုံရိပ်..."ဒီကိုလာတာမဟုတ်လား..ဝင်တော့လေငါသွားတော့မယ်....နေ့လည် အတန်းချိန်ပြန်တက်ရမှာမို့...တစ်ခုခု အကူအညီလိုရင်...
ဖုန်းဆက်လိုက်ပေါ့"
