5 years crush..ep3

82 1 3
                                    

ထမင်းစားကျောင်းတက်ပြီး ဒုတိယ အချိန်အပြီးတွင် ej အခန်းဝမှာရပ်ရင်း jiတို့ အတန်းရှိရာဘက်ကို ငေးနေမိသည်။ ထိုစဉ် hyoနှင့် ji တို့ အမှိုက်ပုံးကို သယ်လာရင်း ejတို့ အတန်းရှေ့မှ ဖြတ်သွားသည်။ အမှိုက်ကန်မှာ အိမ်သာ ဘေးဘက်တွင်ရှိရာ အိမ်သာသို့ သွားရန် ejတို့ အတန်းရှေ့မှ ဖြတ်သွားရသည်။
(ejပျာယာခတ်စွာပင်soဆီ အပြေးသွားရင်း)
ej: ဟဲ့ ထထ,အမှိုက်ပုန်းသွားသွန်မယ်
so:ဘာလဲဟ ငါတို့ အသင်းလဲ မဟုတ်ပဲနဲ့
ej: လာပါဟ၊အချိန်မရှိဘူး
so: ဘာအချိန်မရှိတာတုန်းဟ၊ရှင်းပါအုံးနင့်မှာလဲ
ej:ဟိုမယ်jiတို့ အမှိုက်ပုန်းသွားသွန်နေတာဟ
so:ဖြစ်ရတယ်လို့၊ကဲ သွားမယ်လာ။
jiတို့ကိုတွေ့ချင်လွန်း၍သာ အမှိုက်ပုန်း သယ်သွားသည်။အမှိုက်က သွန်းပြီးသားဖြစ်၍ အမှိုက်ပုံးခွန်ကြီးသာဖြစ်သည်။
အမှိုက်ကန်အရောက်တွင် jiတို့မှာ သွန်ပြီး၍ လက်ပင်ဆေးနေပြီ။
so: ဟေး..ဒီနေ့ အသင်းလား
ji: ဟုတ်ပါဘူး၊ပျင်းလို့ အတန်းကထွက်ချင်တာနဲ့ အကြောင်းရှာလာတာ ဟီးးးoppaတို့ကရော?
so: ejကိုသာမေးပေတော့ji ရေ
ej:ဟီးးညီမတို့ကို တွေ့လိုက်တာနဲ့ လိုက်လာတာ
hyo: အမလေးး မဟုတ်လည်း တွေ့နေတာကိုနော်
ej: အနှောက့်ယှက်ဖြစ်သွားလို့လား???
hyo:ဖြစ်စရာလားoppaရယ်၊စတာပါ
(ejခေါင်းကုတ်လျက် ရယ်နေလေသည်)
ထို့နောက်တွင့် အမှိုက်ပုန်း ကိုယ်စီဖြင့်ကိုယ့်အတန်းကိုယ် ပြန်ကြသည်။
ထိုနေ့မှစကာ အပျင်းကြီးသောejနှင့်so တို့နေ့စဉ် အမှိုက်ပုံးသွန်ရန် တာဝန်ယူလိုက်ကြပြီး ကျောင်းအိမ်သာဆိုသည်မှာej နှင့်so တို့ဘဝတလျှောက်မမေ့နိုင်စရာ အမှတ်တရများ စုဝေးရာနေရာထဲက တခုအဖြစ် ကျန်ရစ်နေတော့သည်။
.
.
.
soမှာ သဘောကောင်းသလို ပွေရှုပ်တတ်သူဖြစ်သည်။
ejမှာ အလွန်အားနာတတ်ကာ အမြဲ ခံစားချက်ကို ဖုံးကွယ်တတ်သူဖြစ်သည်။
ထိုသို့သော ej ရဲ့ အချစ်နှင့် ပတ်သက်သော ကံကြမ္မာဟာလည်း လှည့်ကွက်ပေါင်းစုံနှင့် သူကိုယ်တိုင်ပင် နားမလည်နိုင်လောက်အောင် ရှုပ်ထွေးခဲ့ရသည်။ ကြိတ်မှိတ်ခံစားခဲ့ရသည်။
.....
တနေ့တွင် hubaeများထံမှ ကြားရသော သတင်းမှာ ej မျှော်လင့်ခဲ့သမျှကို ဖျက်ဆီးပြစ်လိုက်သည်။
သတင်းမှာ jiက soကို ကြိုက်နေတာတဲ့....
ej ဘယ်လိုမှ မျှော်လင့်မထားသောသတင်း
ထို့ကြောင့် soများ သိပြီးမလားဟု မေးကြည့်သောအခါ soလည်း မသိသေး...
ဒါနဲ့ပဲ မဟုတ်လောက်ပါဘူးလို့ ဖြေသိမ့်နေလိုက်ရသည်။
သို့သော် နောက်ရက် ကျောင်းတွင် soက ပြောပြလာသည်။
so: jiငါ့ကို ဖုန်းဆက်လာတယ်ဟ
(ejဝမ်းနည်းသွားသည်)
ej:ဘာတဲ့လဲ?
so:ဘာရယ်လဲမဟုတ်ပါဘူးဟာ။ဒီတိုင်းဆက်တာတဲ့
ejအတွေးထဲတွင်...​ဩော်၊ဒီတိုင်းတဲ့လား???
သို့သော်ej, soကို မုန်းတီးစိတ်မထားသလို သူ့အပေါ် ယိမ်းယိုင်ပြခဲ့သော jiကိုလည်း အပြစ်မမြင်ပါ။ soကို အားကျမိသော စိတ်သာဖြစ်ခဲ့သည်။
....
soနဲ့jiမှာ ပိုမို ရင်းနီလာခဲ့သည်။သို့သော်ခင်မင်မှုအဆင့်သာဟုsoပြောသည်။ejသည် soကို အလွန်ချစ်သလို ယုံကြည်သည်။ ထို့အတွက်လည်း သူချစ်သော မိန်းကလေးကိုပင် အလျှော့ပေးထားကာ တယောက်ထဲ ကြိတ်ခံစားရင်း jiကို ချစ်နေရှာသည်။။။သို့သော် နောက်ပိုင်းတွင်jiကျောင်းမလာသောရက်က ပိုများလာသည်။ထို့ကြောင့်လည်းhyoနှင့်သာ တွေ့ဖြစ်ကာhyoထံ jiအကြောင်းများမေးဖြစ်သည်။။hyoလည်း ej၏ ခံစားချက်များကို အနည်းငယ် ရိပ်မိသည်။သို့သော် ej၏ မပွင့်လင်းမှုများကြောင်း jiကို ရူးရူးမူးမူးချစ်နေသည့် အဖြစ်မှန်ကို soပင်သေချာ မသိချေ

.......

ထို့နောက်တွင်
ej၏ အားနာစိတ်နှင့် သူတပါးကို မနာကျင်စေလိုတဲ့ စိတ်ကြောင့် အချစ်နှင့်ပတ်သက်သော အရှုပ်အထွေးများဆက်ပေါ်လာတော့သည်။။။
....

5years crush [T ARA ver]#eunyeonWhere stories live. Discover now