SHOES

4.1K 695 65
                                    


"မား...ပါး..၊ လီ ဖိနပ်လှလှလေးတွေ စီးချင်တယ်"

၈နှစ်အရွယ် လီ ဟာ ဖိနပ်လှလှလေးတွေကို
အလွန်မြတ်နိုးသူတစ်ယောက်။...

လူမှန်းသိတတ်စ အရွယ်တည်းက လီ
ဖိနပ်မလှရင် စိတ်ဆိုးစိတ်ကောက်တတ်တယ်။...

" စိတ်ချ ၊ မား သမီးလေးကို တစ်သက်လုံး
ဖိနပ်လှလှတွေပဲ စီးရအောင် လုပ်ပေးမယ်"

"ပါး သမီးလေး ဖိနပ်လှလှစီးရအောင်
ပါး ပိုက်ဆံအများကြီးရှာမယ်"

"ပါး...မား...ချစ်တယ်"

အနာဂတ်ရဲ့ သူဌေးသမီး အလောင်းအလျာလေးကို
မူလတန်းက ကလေးမလေးတိုင်း အားကျခဲ့ရတာပေါ့။...

အဲဒီ့တုန်းကတော့ လီ ဟာ မားစကားကို
အမှန်လို့ သတ်မှတ်ခဲ့ဖူးတာပေါ့။...

ဘာဖြစ်မယ်မှန်း မသိတဲ့ အနာဂတ်ကို
ကလေး သဘာဝအရ..ဘယ်မြင်ခဲ့ပါ့မလဲ။...

......

"မား...လီကို ဖိနပ်တစ်ရံလောက်ဝယ်ချင်တယ်။
ပိုက်ဆံပေး။...ဖိနပ်လေးက အရမ်းလှတာ...
အခုနေမဝယ်ရင်...သူများဆီပါသွားလိမ့်မယ်။"

"ဟဲ့...နင်ဖိနပ်ဝယ်ရအောင် နင့်အဖေ သူဌေးကြီးက
သိပ်ရှာနေတာကိုး။...အသုံးစရိတ် ကျပ်ရတဲ့ ကြားထဲ။
နင့် မောင် နှစ်ယောက် ကျောင်းလခက ရှိသေး..
တစ်လတစ်လ အလျင်မှီတာ မဟုတ်ဘူး။"

အပျိုဖော်ဝင်ကာစ ၁၄ နှစ် အရွယ် ၊ လီဟာ
သူဌေး သမီးမဟုတ်တော့ဘူး။...

စီးပွားပျက် မိသားစု တစ်စုရဲ့ သမီးတစ်ယောက်။...

အထည်ကြီးပျက်ဖြစ်သွားတဲ့ မားက အသုံးစရိတ်ကို
လောက်ငှ အောင်မဝေခြမ်းနိုင်ခဲ့ဘူး...

နေ့စဉ် နှင့် အမျှ ကြားနေရတဲ့ မိသားစုရန်ပွဲကြားမှာ
လီဟာ ဖိနပ်လှလှဝတ်ချင်စိတ်က ဖျောက်လို့
မရခဲ့ပြန်ဘူး။....

ဒီလိုနဲ့....လီ မုန့် အငတ်ခံပြီး ဖိနပ်ဝယ်ဖို့
ရသမျှ မုန့်ဖိုးတွေကို စုခဲ့တယ်။...

ကျောင်းက အတန်းဖော်တွေ မေးတဲ့
"လီ နင် ပိန်သွားတယ်" ဆိုတဲ့ စကားကို
"ငါ diet လုပ်နေလို့ပါ" လို့သာ ပြန်ချေပခဲ့တယ်။...

SHOESWhere stories live. Discover now