မနက်ချိန်ခါတေးသံသာ ဆိုတဲ့ စကားအတိုင်း အမေ့ရဲ့တေးသံသာနဲ့အတူနိုးထရပါပြီ
"ဟဲ့ကာလနဂါးလေး ဒီနေ့ကျောင်းစတက်ရမှာနော် နောက်ကျတော့မှငိုမဲ့မဲ့မလုပ်နဲ့ ထစရာရှိတာမြန်မြန်ဆန်ဆန်ထ ငါစကားသိပ်မပြောချင်ဘူး........."
"ဟုတ်ပါပြီ အမေရယ် သားထပါပြီ"
ဒါနဲ့တင်မပြီး ကျောင်းသွားဖို့အိမ်ကမထွက်မချင်းပွစိပွစိ
အဲ့လိုပွစိပွစိလုပ်တိုင်းသာ ပေါက်ပေါက် (Popcorn) ထွက်ရင်ကောင်းမယ်လို့တွေးမိသေးတယ်
အဲ့လိုသာဆိုတော်တော်ကောင်းမှာ ကျတော်စားရမှာလေ ပြန်ရောင်းစားလို့လည်းရတယ် အဲ့လယ့် အနာဂတ်ရဲ့ စီးပွားရေးပညာရှင်လေ ဒီလောက်တော့ရှိမှာပေါ့ ငှဲငှဲ
ဘာလိုလိုနဲ့လမ်းလျှောက်လာတာကျောင်းတောင်ရောက်ကောပေါ့ ကျောင်းက ကျတော်တို့အိမ်နဲ့သိပ်မဝေးတော့လမ်းလျှောက်ပြီးတော့ပဲသွားတယ်လေ private ကျောင်းဆိုတော့ shirt အဖြူနဲ့ Style panပဲဝတ်ရတယ် နက်ပြာရောင်သာဝတ်ရသည် ကျောင်းပေါက်ဝကိုကြည့်ပြီးးကျတော်ငိုချင်လာတယ် ဒီကျောင်းကိုကျတော်ခုမှစတက်တာလေ ကျတော်ရဲ့ အရင်တုန်းကကျောင်း အရင်တုန်းကသူငယ်ချင်းတွေကိုအရမ်းသတိရတယ် အရင်ကကျောင်းက ကျတော်နဲ့တော်တော်ဝေးပေမယ့်အဆင်ပြေတယ်ကျတော်နဲ့ သူငယ်တန်းကတည်းက ၈တန်းအထိတူတူတက်တဲ့
သူငယ်ချင်းတွေဆိုတော့ အကြောင်းသိတွေလေ
လှိုင်းငယ် ဆိုတဲ့နာမည်နှစ်လုံးတည်းကိုပဲ ကျောင်းသာတွေရောဆရာမတွေရောပါးစပ်ဖျားကကိုမချကြပါ (အဲ့လယ့်ကြွားတာ) ကျတော်လျှောက်တွေးနေတာနဲ့ မေ့နေတာ ကျတော်အခန်းကဘယ်မှာလဲမသိ ပြသနာပဲ ကွိုင်တက်တာပေါ့ တောင်ကြည့်မြောက်ကြည့်လုပ်နေတုန်းဆရာမတယောက်တွေ့ ကျတော်အပြေးအလွှားသွားမေးလိုက်ရတယ် ဆရာမ ရဲ့လမ်းညွှန်မှုအရ အခန်းကိုရောက်သွားတော့ ထိုင်စရာနေရာက ရှေ့ဆုံးတန်းကလွဲလိုတခြားနေရာမရှိတော့ အဲ့ဒါနဲ့ပဲကျတော်အလယ်ကရှေ့ဆုံးတန်းမှာထိုင်လိုက်တယ် နှစ်ခုံတွဲဆိုပေမယ့် နောက်တယောက်လာထိုင်ဖို့မမျှော်လင့်မိဘူး ကျောင်းသားအသစ်လည်းဖြစ် ယောက်ျားလေးလည်းဖြစ်တော့ ရှေ့ဆုံးတန်းမှာဘယ်ယောက်ျားလေးမှလာမထိုင်လောက်ဘူးပဲတွေးမိတာပေါ့
တွေးလို့မှမဆုံးသေး
ဝုန်းးးး
"သောက်ပလုတ်တုတ်"
ဘယ်ကမှန်းမသိတဲ့ကောင် လွယ်အိတ်ကို ပစ်ချလိုက်တာကျတော်လည်းလန့်ပြီးယောင်လိုက်တာ တခန်းလုံး ရဲ့မျက်လုံးတွေကကျတော့်ဆီ သကောင့်သားကျေးဇူးရှင်ကတော့ ဗိုက်နှိပ်ရီနေလေရဲ့#TBC 😊😊😋😋
နောက်နေ့ဆက်ပြီးရေးပါမယ်ဗျ
YOU ARE READING
Wavelet. (HIATUS)
Randomကျတော်ချစ်တဲ့သူ ကျတော်ရဲ့ဖြစ်တည်မှုအရာအားလုံးသည် သူ၏ဖြစ်တည်မှုအပေါ်မူတည်လေသည်