One Snowflake

558 55 18
                                    

ကားမှန်မှတစ်ဆင့် အပြင်ကို လှမ်းမြင်နေရတဲ့ နှင်းတွေကို ကြည့်ပြီး အလွန်တရာစိတ်ဝင်စားနေတဲ့ ၅နှစ်အရွယ်ကလေးတစ်ယောက်။

"ထယ်လေး နှင်းတွေကို သဘောကျလို့လား"

သူ့ဘေးနားက အမျိုးသမီးရဲ့ စကားအဆုံး ပေါ်ထွက်လာတဲ့ Box smile လေးနဲ့အတူ

"Omm omma"

ထယ်ယောင်းဆိုသောကလေးငယ်မှာ ချစ်စရာကောင်းလောက်အောင်ရီပြလျက် သူ့ommaရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။သူ့ommaဖြစ်သူမှာ လည်း ထယ်ယောင်းရဲ့ ဆံနွယ်လေးတွေကို ပွတ်သတ်ရင်း ဆိုလာသည်။

"မားတို့က ဒီsnowflakeဆိုတဲ့ မြို့လေးမှာ ခဏလာနေမှာ ၊ ထယ်လေးရဲ့..ထယ်လေးက နှင်းတွေကို သဘောကျတော့ နေလို့ ပျော်မှာပါ"

ယခု ထယ်ယောင်းတို့လာသော မြို့လေးမှာ တစ်နှစ်မှာ ငါးလလောက် နှင်းတွေ လွှမ်းနေတတ်သော မြို့လေးဖြစ်ပြီး ထယ်ယောင်းအမေ၏ မွေးရပ်မြေမြို့လည်း ဖြစ်သည်။မြို့ရဲ့ တစ်ခြမ်းလောက်ကလည်း တောနှင့် ထိစပ်နေသည်။

ထယ်ယောင်းမှာ သူ့အမေ သူ့ဆံနွယ်တွေကို ပွတ်သပ်ပေးနေတာက တစ်ကြောင်း ၊ နှင်းတွေ ကျဆင်းတာကို ကြည့်နေတာက တစ်ကြောင်း
သူ့အမေပြောတာတွေကို မကြားတစ်ချက်ကြားတစ်ချက်နဲ့ မျက်လုံးများ စင်းနေလေပြီ။အဲ့တာကို မြင်တဲ့ သူ့အမေက..

"ထယ်လေး ပုံပြင်နားထောင်မလား ၊ မား ဒီမြို့က တောအုပ်မှာ ရှိတဲ့ မှော်သတ္တဝါလေးတွေအကြောင်း ပြောပြမယ်။"

ထယ်ယောင်းခေါင်းလေးကို ဖြည့်ညှင်းစွာ ငြိမ့်လိုက်သည်။

"အဲ့တာဆို မားစပြောပြီ...ဟိုရှေးရှေးတုန်းကပေါ့ကွယ်...

Snowflake ဆိုတဲ့ မြို့လေးဟာ လူတွေ နေတဲ့နေရာတစ်ခြမ်းနဲ့ မှော်ဝင်သတ္တဝါတွေနေတဲ့ တောအုပ်ဆိုပြီး ပိုင်းခြားထားကြသည်။ ထိုမှော်ဝင်တောအုပ်ကို အုပ်ချုပ်တဲ့ သူတွေကတော့ ဝံပုလွေနတ်ဘုရား စောင့်ရှောက်သူတွေ။တောအုပ်ထဲမှာက မှော်သတ္တဝါတွေ၊နတ်သူငယ် လေးတွေ၊သူယောင်သစ်ပင်တွေ ရှိတယ်။နောက်တော့ snowflake မြို့ ကို အုပ်ချုပ်ဖို့ အသစ်တက်လာတဲ့ မြို့တော်ဝန်က လောဘကြီးပြီး တောအုပ်ကိုပါ သိမ်းပိုက်ဖို့ ကြိုးစားတော့တယ်။မှော်သတ္တဝါတွေရဲ့ အစွမ်းကို လိုချင်တာလည်းပါတယ်။အဲ့တာကြောင့် စစ်ပွဲတွေ ဖြစ်ပွားခဲ့တယ်။နောက်ဆုံးမှာ မှော်သတ္တဝါတွေ နိုင်သွားပြီး လူသားတွေကို သူတို့တောအုပ်ဆီ ဝင်မလာဖို့နဲ့ ဝင်လာရင် ပြန်လမ်းမရှိမယ့်အကြောင်းသတိပေးခဲ့တယ်။သူတို့ကိုယ်သူတို့လည်း ကိုယ်ထင်ပြနေလို့ ဒီလိုဖြစ်ရတယ်ဆိုပြီး အဲ့ကတည်းက ပျောက်ကွယ် သွားကြတယ်။တောအုပ်ကို တော်တော်များများလိုက်ကြည့်ဖူးကြပေမဲ့ ဘာမှ မတွေ့ခဲ့ကြဘူး။တောအုပ်ရဲ့ အတွင်းပိုင်းထိကို သွားလေ့လာကြတဲ့ သူတွေကျတော့လည်း ပြန်ရောက်မလာတော့ဘူး။

You've reached the end of published parts.

⏰ Last updated: Oct 25, 2018 ⏰

Add this story to your Library to get notified about new parts!

A STORY IN WINTERWhere stories live. Discover now