Episode.12

24.6K 2.1K 122
                                    

Unicode

Laptop ပေါ်က စာရင်းဇယား ခပ်ရှုပ်ရှုပ်တို့ကို
ကြည့်ရင်း သက်ပြင်းချပေါင်းလဲ မနည်းတော့။
သူများတွေကJejuကို အပန်းဖြေဖို့လာတယ်..
သူကတော့ ချစ်ရတဲ့လူပါပါလျက်နဲ့ အပန်းမဖြေ
ရဘဲ ရှိသမျှအရှုပ်ဒိုင်ခံရှင်းနေရတယ်။ ဒါတောင်
ခွင့်ရက်ရထားတာနော် ။

နေပါဦး..ဟိုကလေးလေး အသံတိတ်နေတာ
ကြာပြီ ။ သူလဲ သူ့အလုပ်ပဲသူစိတ်ရောက်
နေတာနဲ့ ကလေးပျောက်နေတာ သတိမထားမိ။
နာရီကြည့်မိတော့6နာရီခွဲ။ ဒါဆို ညစာစားချိန်
တောင် ရောက်နေပြီပဲ။

"ကလေး...Taeလေးရေ.."

ခေါ်တာလဲ ပြန်မထူး။
ဒီကလေးလေး ဘာတွေလုပ်နေပြန်ပြီလဲမသိ။
အခန်းထဲက ထွက်ကြည့်မိတော့ TVရှေ့က
Sofaပေါ်မှာ ကွေးကွေးလေးအိပ်နေလေရဲ့။
TVမှာလဲCartoonက ဖွင့်လျက်သား ။
ကလေးပျင်းပြီးတော့ အိပ်ပျော်သွားတဲ့ပုံရသည်။

"ကလေး...ကလေးလေး ထတော့လေ..
ညစာစားရအောင်.."

တအင်းအင်း တအဲအဲနဲ့ ဟိုဖက်ပြန်လှည့်ပြီး
အိပ်ပျော်သွားတဲ့ ပေါက်စကလေး ။ ရုပ်ကလေး
ကလဲ ဘာရုပ်လေးမှန်းမသိဘူး ။အသဲယားလွန်း
လို့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို ဖွဖွလေး
ညှစ်လိုက်တော့ ပါးပြင်နုနမှတဆင့် ကလေး၏
အပူချိန်ကို ခံစားမိလိုက်သည် ။

ကိုယ်နွေးနေသောကြောင့် ကျတော့်မှာစိတ်ပူပြီး
ဆရာဝန်ပဲလှမ်းခေါ်ရမလို ဆေးရုံပဲသွားပြရ
တော့မလို ။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေ
တုန်း ရုတ်တရက် သတိရမိတာက
Yoongi hyung ။

"Hello?Yoongi Hyung..
ကျတော် Jungkookပါ.."

"အေး ပြောလေ Kook.."

"Hyung..Taeလေးကိုယ်တွေနွေးနေတယ်..
ပြီးတော့ ကျတော်တို့ကလဲ အခုSeoulမှာ
မဟုတ်ဘူး..ကျတော့် အလုပ်ကိစ္စနဲ့ Jeju
ရောက်နေတာ"

"စိတ်အေးအေးထားပါ Jungkook ရာ
Taeက အခုခရီးပန်းလို့ ရိုးရိုးဖျားတဲ့ သဘော
ပါ....ခုမှ6နာရီကျော်ကျော်ဆိုတော့
ဆေးဆိုင်တခုခုမှာ အဖျားကျဆေးဝယ်လို့
ရပါတယ်...ဆေးမတိုက်ခင်တော့ ကလေးကို
အစာပျော့ပျော့ တခုခုအရင်ကျွေးနော် "

Broken Innocence || KV || ✔Where stories live. Discover now