Part 1

1.2K 38 27
                                    

ခမ်းနားထည်​ဝါလှ​သော သီ​ပေါ​ဟော်​နန်း....

စိမ်းစိုအုံ့မှိုင်း​ပီး ကြီးမား​လှသည့်
*မြခွန်​ခ*သစ်​​တောကြီးမှာ ​စော်​ဘွားမျိုးနွယ်​​နေထို​င်​ရာ ​ဟော်​နန်းအတွင်းတွင်​ရှိသည်​။ မြခွန်​ခကို​ကျော်​လွန်​ပီးမှ ​စော်​ဘွားကြီးစဝ်​ခွန်​​မောင်​ ​နေထိုင်​ခဲ့တဲ့ ​ဟော်​နန်းကြီးကိုမြင်​​တွေ့ရလိမ့်​မည်​။ ​စော်​ဘွားကြီးစဝ်​ခွန်​​မောင်​ဆိုတာက သီ​ပေါမင်းပါ​တော်​မမူခင်​ ရှမ်းပြည်​မှာနောက်​ဆုံးစိုးစံခဲ့တဲ့ ​စော်​ဘွားကြီးမို့ တစ်​ချို့က ​နောက်​ဆုံး​စော်​ဘွားမျိုးဆက်​လို့သတ်​မှတ်​ကြတယ်​၊ ဒါ​ပေမယ့်​ စဝ်​ခွန်​​မောင်​ရဲ့မျိုးဆက်​ကဆက်​လက်​တည်​ရှိ​နေ​သေးတာမို့ ​စော်​ဘွားမျိုးဆက်​ပျက်​စီးသွားတယ်​ဆိုတာမျိုး မရှိခဲ့ဖူးပါဘူး..။

စော်​ဘွားကြီးစဝ်​ခွန်​​မောင်​က ​မောရှမ်းကိုးပြည်​​ထောင်​ကို အုပ်​ချုပ်​ရသူမို့ ရှမ်းပြည်​ရဲ့အဓိကအစိတ်​အပိုင်း​တွေဖြစ်​တဲ့ ရှမ်း​မြောက်​၊ရှမ်း​တောင်​နဲ့ ရှမ်းအ​ရှေ့ပိုင်း​တွေမှာ ​ဟော်​နန်းတစ်​​ဆောင်​စီတည်​ခဲ့ပါတယ်​။ ​​မြောက်​ပိုင်းနဲ့​တောင်​ပိုင်းမှာရှိတဲ့​ဟော်​နန်း​တွေက အခုထိ​ရှိ​နေ​သေး​ပေမယ့်​ အ​ရှေ့ပိုင်းမှာရှိတဲ့ ​ဟော်​နန်းက​တော့ ဂျပန်​​ခေတ်​ဗုံးဒဏ်​​တွေ​ကြောင့်​ ပျက်​စီးယိုယွင်းခဲ့ပါပီ။ ​စော်ဘွားကြီးစဝ်​ခွန်​​မောင်​ရဲ့ မျိုးဆက်​က​နေ တစ်​ဆက်​ပီးတစ်​ဆက်​ ​ဟော်​နန်း​တွေကိုထိန်းသိမ်းပီးရှမ်းပြည်​ကို အုပ်​ချုပ်​​နေတာ အခုဆိုရင်​ ​စော်​ဘွားကြီး စဝ်​ခွန်​ထီးအထိ ​ရောက်​ခဲ့ပါပီ၊။

စဝ်​ခွန်​ထီးဟာ ​စော်​ဘွားတစ်​ပါးဖြစ်​တာနဲ့အညီ ​စော်​ဘွားတို့သိသင့်​သိထိုက်​တဲ့ အတတ်​ပညာမှန်​သမျှတတ်​​မြောက်​ထားသူဖြစ်​ပါတယ်​။ ဘာသာစကား ၆မျိုးကို လွယ်​လွယ်​ကူကူ​ပြောနိုင်​ပီး အင်္ဂလန်​နိုင်​ငံက​နေ Ph.Dဘွဲ့ရရှိထားသူလည်းဖြစ်​ပါတယ်​။ ​ဒါတင်​မကဘဲ ဘိုးဘွားပိုင်​ဖြစ်​တဲ့ လိ​မ္မော်​ခြံ၊ စပျစ်​ခြံ​တွေနဲ့ ဥယျာဉ်​စိုက်​ပျိုး​ရေး၊ ​တောင်​ယာစိုက်​ပျိုး​ရေး၊မွေးမြူ​ရေးလုပ်​ငန်း​တွေနဲ့ ​Hotelလုပ်ငန်း​​များစွာကို ပိုင်​ဆိုင်​ထားသူမို့ ရှမ်းပြည်​တစ်​ခုလုံးမှာ​တော့ ​ငွေ​ကြေးအာဏာအရှိဆုံးပုဂ္ဂိုလ်​တစ်​ဉ်ီးဖြစ်​​နေပါတယ်​။ ရှမ်းပြည်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသရဲ့ အကြီးဆုံးနာယကတစ်​​ယောက်​မို့ စဝ်​ခွန်​ထီးရဲ့ တန်​ခိုးသြဇာက အလွန်ကြီးမားပါတယ်​။ ရှမ်းတိုင်းရင်းသားအားလုံးက ​စော်​ဘွားကြီးရဲ့ ထိန်းချုပ်​မှု၊​အုပ်​ချုပ်​မှု​အောက်​မှာ ငြိမ်းချမ်းစွာ​နေထိုင်​ကြပါတယ်​...

ကျွန်တော်ချစ်သော "စဝ်" Where stories live. Discover now