တွဲလက်တွေ ခိုင်မြဲဖို့ဆိုတာ
မြဲမြဲဆုပ်ကိုင်ထားမှ ဖြစ်တာမလား
ကလေး.....
ဒီလက်သေးသေးလေးတွေကို
ကိုယ့်ဖက်က လွှတ်ချလိုက်ဖို့ဆိုတာ
နောင် ဆယ်သက် တောင်
ဖြစ်နိုင်မှာ မဟုတ်ဘူး
ဒီလက်သေးသေးလေးတွေရဲ့
ပိုင်ရှင်က ကိုယ် သိပ်မြတ်နိုးရတဲ့
လူသား မို့လေ.....
ကလေးသာ ဖြုတ်ချခဲ့ရင်တောင်
ကိုယ်ကတော့ ဒီလက်လေးကို
ဖမ်းဆုပ်ခွင့်ရဖို့ ထပ်ကြိုးစားမှာ
အမှန်.........
Photos ©®
-ESSJU
151018