အသက် ၃၀ အရွယ်မိန်းမတစ်ယောက်ဟာ တည်
ငြိမ်မှုတွေနဲ့ရင့်ကျတ်မှုတွေအပြည့်နဲ့ ရိုးရှင်းစွာလှပ
နေတက်ကြပါလိမ့်မယ်
ကျွန်မနာမည် နွေ အသက်၃၄နှစ် သာမန်ဝန်တမ်း
တစ်ယောက်ပေါ့ မေမေနဲ့၂ယောက်ထဲနေတဲ့
ကျွန်မဘဝဟာရိုးရှင်းစွာ တည်ငြိမ်နေတဲ့ဘဝတစ်ခု
ပါ
မာယာများနဲ့လူလောကကြီးမှာ အေးချမ်းစွာနေ
ထိုင်ခွင့်ရတာဟာလဲကျွန်မရဲ့ ဘဝပေး ကုသိုလ်
တစ်ခုပေါ့ ကျွန်မ ပတ်ဝန်းကျင်၊ ခင်မင်သူတွေက
ရော မေမေ ကိုယ်တိုင်ကပါ ဘယ်တော့အိမ်ထောင်
ပြုမှာလဲလို့မေးတိုင်း ကျွန်မ မျက်နှာမှာအပြုံးတစ်
ခုနေရာယူတက်တယ် ကျွန်မရဲ့အဖြေကလဲအမြဲ
တစ်ခုထဲမှာ "သူ့ကိုစောင့်နေတာ သူပြန်လာမှာပါ
သူပြန်လာမဲ့နေတော့ ကျွန်မလက်ထက်ဖြစ်မယ်
ထင်ပါတယ်" လို့ပဲဖြေခဲ့မိတယ် ကျွန်မရဲ့ဇာတ်လမ်း
ကိုအတိအကျမသိသူတွေကတော့ အင်း ဟုတ်ပါပြီ
ကောင်းပါတယ်ဆိုပြီးပြန်ပြောတက်ပေမဲ့ ကျွန်မ
ဇာတ်လမ်းသိတဲ့မေမေကတော့ သက်ပြင်းငွေ့ငွေ့ချ
ရင်းကျွန်မခေါင်းလေးကိုဖွဖွလေးပွတ်ပြီးအစွဲအ
လမ်းကြီးလိုက်တာလို့ပြောတက်တယ် အဲ့စကားလေး
ကတော့ ကျွန်မ ရဲ့ သူ့အပေါ်ထားတဲ့ သစ္စာတရား
ကိုအရောင်မြင့်ပေးတယ်လို့ကျွန်မမြင်တယ်
သူဆိုတာ ကျွန်မရဲ့ မ ပါ အရမ်းရိုးရှင်းတည်ငြိမ်တဲ့
ကျွန်မရဲ့ ကောင်းကင်ကြီးတစ်ခု ပေါ့
ဟောင်းနေပေမဲ့ ကျွန်မအတွက်
တန်းဖိုးအလွန်းကြီးတဲ့ သေတ္တာလေးကို ဖွင့်ရင်း
အနည်းငယ်ဟောင်းနေတဲ့ မ ဓာတ်ပုံလေးကိုကြည့်
YOU ARE READING
အချစ်ဦးဆိုသည်မှာ (Short Stories)
Romanceငယ်ငယ်ကရေးခဲ့ဘူးတဲ့ စာလေးတစ်ခုရယ် တွေးမိတွေးရာshort story လေးတွေပါ happy ending လေးတွေတော့မဟုတ်ပါ 😁 ငယ်ငယ်ကရေးခဲ့ဘူးတဲ့ စာလေးတစ်ခုရယ် တွေးမိတွေးရာshort story လေးတွေပါ happy ending လေးတွေတော့မဟုတ်ပါ 😁 Unicode version လေးလဲဖြည့်ပေးထားပါတယ်