AUGUST လရဲ့မနက်ခင်း ..........
ပြတင်းတံခါးဆီက လေနုအေးလေးတွေနဲ့အတူ မိုးစက်လေးက အိပ်စက်နေတဲ့ကျွန်မမျက်နှာပေါ်ကိုခုန်ပေါက်ပြေးဆင်းတိုးဝေ့လာနေချိန်
မဖွင့်ချင်ဖွင့်ချင်နဲ့လေးလံနေတဲ့မျက်ခွံတွေကို အားယူဖွင့်မိပါတယ် ညိုပြာပြာကောင်းကင်ပေါ်ကနေခုန်ချလာတဲ့ရေစက်သေးသေးလေးတွေကို မိုးလို့ခေါ်သတဲ့ ဘယ်ကမှန်းမသိကျွန်မဘဝထဲကိုခုန်ချလာတဲ့ကောင်မလေးတစ်ယောက်ရဲ့နာမည်လေးကလဲမိုးတဲ့ ..................
စိမ်းစိမ်းစိုစို တောင်တန်းကြီးတွေကိုဖြတ်သန်းရင်း တရွေ့ရွေခရီးဆက်လာတဲ့ရထားရဲ့ပြတင်းပေါက်လေးမှာခေါင်းတင်ရင်း အမရာ တစ်ယောက်တောင်တန်းကြီးတွေကိုငေးမောနေမိသည်၊၊ 'အမရာ တစ်ရေးတစ်မောအိပ်အုန်းလေ' 'မအိပ်ချင်ပါဘူးကြီးကြီးရာ ဒီလောက်ရှုခင်းတွေလှတာကို ' 'အံမလေးရန်ကုန်သူတွေကအရမ်းသိသာတာပဲဒီတောဒီတောင်ကို အထူးအဆန်းကြီးတွေကိုဖြစ်လို့ ကြည့်ပါအေ ကြည့်ပါ ဟိုကိုညနေစောင်းလောက်မှရောက်မှာ ငါတော့ခနအိပ်လောက်အုန်းမယ်' 'ဟုတ်ကြီးကြီး' တရွေ့ရွေ့ခုတ်မောင်းနေတဲ့ရထားလေးက ကျွီ ဆိုတဲ့ မြည်သံကြီးနဲ့အတူ ထိုးရပ်သွားတော့သည် ရထားလမ်းချော်နေလို့ထပ်သွားလို့မရဘူး
ဒီတစ်ညလောက်တော့ သောင်တင်တော့မယ်ထင်တယ်ဆိုတဲ့ ခရီးသည်တစ်ဦးရဲ့စကားကြောင့် အမရာ လန့်သွားမိသည် ရထားလမ်းချော်တာဘာမှန်းမသိတဲ့ သူအတွက်တော့ အန္တရာယ်ကြီးကြီးမားမားများဖြစ်တာလား ဘာဖြစ်တာလဲမသိဘူး အခုမှ နေခင်း ၁ နာရီသာရှိသေးတာကို ဒီတစ်ညနားရမယ်ဆိုတော့ဘာများဖြစ်လို့ပါလိမ့်နော် 'ကြီးကြီး ထပါအုန်း' 'အွန်း ဘာဖြစ်လို့လဲသမီး ' 'ရထားလမ်းချော်တယ်ပြောတယ် ဒီတစ်ညသောင်တင်မယ်လဲပြောတာကြားတယ်' 'စိတ်ပျက်စရာပဲ မိုးတွင်းခရီးသွားတိုင်းအမြဲအဲလိုပဲ ဘူတာနဲ့ရော နီးရဲ့လားမသိပါဘူး တစ်ညလုံးနေရမယ်ဆို ဗိုက်တော့ဆာတော့မှာပဲ လာသမီးရေ အောက်ဆင်းကြည့်ကြရအောင်' ရထားပေါ်ကဆင်းပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အမရာ ရထားလမ်းချော်သွားတာပင် ကောင်းတယ်လို့ထင်မိသေးသည် ပြာလဲ့လဲ့ကောင်းကင်ကြီးကိုထိလုနီးပါးစိမ်းညို့ညို့တောင်ကြီးက အမရာစိတ်ကိုအေးချမ်းစေသည် လေနုအေးအေးတွေရဲ့လတ်ဆတ်မှုကိုတဝကြီးရှူရှိုက်မိသည် စိမ်းညို့ညို့တောင်တန်းကြီးကိုနောက်ခံပန်းချီကားတစ်ချပ်လိုကျောပေးထားသည့် ရထားလမ်းနဲ့မနီးမဝေးက အစိမ်းရောင်အရွက်တွေနဲ့ အုပ်ဆိုင်းဆိုင်းအပင်အိုကြီးက အမရာစိတ်ကိုညို့ယူနေသလိုပင် 'ကြီးကြီး ဟိုအပင်အောက်သမီးခနသွားချင်လို့ရမလား' 'မသွားပါနဲ့အမရာရယ် ရထားကဘယအချိန် ထွက်မှန်းမသိဘူး ဟိုရှေ့မှာဘူတာတွေ့လားနီးလို့တော်သေးတယ် စားစရာတွေသွားဝယ်ရအုန်းမယ် သမီးဘာစားမလဲလိုက်ကြည့်အုန်းလေ ' 'သမီးဗိုက်မဆာသေးပါဘူး ညစားဖို့ကြီးကြီးအဆင်ပြေတာဝယ်ခဲ့လိုက်လေနော် ပြီးတော့သမီးအဲ့အပင်ဆီခနသွားချင်တယ်လို့နော် ' 'သမီးရယ်ကိုယ့်သိကျွမ်းတဲ့နယ်မြေလဲမဟုတ်
YOU ARE READING
အချစ်ဦးဆိုသည်မှာ (Short Stories)