Ep-1

22 5 0
                                    

"သတို့သမီး Park Yoorana သင့်​ခင်​ပွန်း​ပေါ် တစ်​သက်​လုံး
သစ္စာရှိပါမည်​​လော"

"Nae..."

"သင်​တို့ ယခု နမ်းနိုင်​ပါမည်​....."

ဖာသာမှ ​ပြောလိုက်​သည်​နှင့်​ hall ခန်းမတစ်ခုလုံး
လ​​က်​ခုပ်​သံညံသွားသည်​မက ​မောင်​နှံနှစ်​ဦးကြားတွင်လည်း အ​နမ်းတို့​ဝေသွားသည်​။Mama Park မှ ဝမ်းသာမျက်​ရည်​​တွေနဲ့ သမီးဖြစ်​သူကို
ငေးကြည့်​​နေပုံကိုလည်း Photographer ​တွေက အမိအရ
မှတ်​တမ်းတင်​လိုက်​နိုင်​သည်​။ သတို့သမီးသည်​ korea နိုင်ငံ၏
ထိပ်​တန်း announcer ဖြစ်​သည့်​အား​လျော်​စွာ ခန်းမတစ်​ခုလုံး လူအများပြည့်​လျှံ​နေသည်​။ လူကြီးပိုင်း​တွေ​ရော ​ဆွေနီးမျိုးစပ်​​တွေ​ရော
သတင်း​ထောက်​​တွေပါ တက်​​ရောက်​ကြသည်​။
korea ၏ loyal ဆန်​ဆန်​ lottee hotel တွင်​ကျင်းပသည်​မို့
မင်္ဂလာအခမ်းအနားသည်​ လွန်​စွာခမ်းနား​နေသည်​။

Wedding cake....ကို ​waiter ​လေးများမှ လှည်းနှင့်​ ​လျှောက်​လမ်း
တစ်​​လျှောက်​ သတို့သားသတို့သမီးထံ တွန်းလာ​သောအခါ
ခန်းမတစ်​ခုလုံး cake ချီးမွမ်းဖွင့်​ခန်း ကျိတ်​ကျိတ်​နှင့်​ ​ပြော​နေကြသည်​။
အဘယ်​မှာ မချီးမွမ်းအံ့ဘဲ​နေနိုင်​မည်​နည်း။ wedding cake သည်
ရိုးရှင်းစွာလှပ​နေ​သ​လောက်​ taste မှာလည်း ​သေချာ​ပေါက်
တစ်​သက်​မ​မေ့နိုင်​မည့်​ အရသာရှိမှာ​သေချာသည်​။ အနှီ cake ကို စီမံသူမှာ သတို့သမီး၏တစ်​ဦး​တည်း​သော​မောင်​ Park chanyeol မှန်း
တပ်​အပ်​သိကြ​သော​ကြောင့်​ဖြစ်​သည်​။

အမလုပ်​သူသည်​ media ​လောကတွင်​​ကျော်​ကြားသ​လောက်​ 
မောင်​လုပ်​သူ Park chanyeol သည်​​လည်း နိုင်​ငံ​ကျော်​စာဖိုမှူး
ဖြစ်​​နေ​သော​ကြောင့်​ဖြစ်​သည်​။ တစ်​သက်​မ​မေ့နိုင်​​သော ဟင်းလျာများကို
ဖန်​တီးသူ အ​မောင်​ Park သည်​ အိမ်​ပြာ​တော်​ကပါ
နိုင်ငံ့​အခမ်းအနားပွဲများရှိလျှင်​ ဟင်းလျာစီမံရန်
ကမ်းလှမ်းခံရသူဖြစ်​သည်​။ Chef Park ​ကြောင့်
တိုင်းတစ်​ပါးနိုင်​ငံသားများအလယ်​တွင်​ korea ဟင်းလျာ​​များသည်
မျက်​နှာပွင့်​ရစမြဲ။ Park Chanyeol သည်အ​ပြောအဆို​ပြေပြစ်​သည်​သာမက မျက်​နှာအမြဲချို​နေ​သော​ကြောင့်​ koera တွင်
Idol တစ်​​ယောက်​နီးပါး​ရေပန်းစားသည်​။ Instagram တွင်​ followers millions ချီရှိ​သေးသည်​။
ဟင်းချက်​လက်​ရာ​ကောင်းသည်​သာမက တစ်​ခါတ​လေ
IG တွင်​ live လွှင့်ရင်း ​​သီချင်းဆိုပြ​လေ့ရှိသည်​မို့ ​ကောင်​မ​လေး​တွေက
သည်းသည်းလှုပ်​ကြသည်​။ ယခုလည်း အမ wedding တွင်​ လူလုံးပြဆိုပြမည်​မို့ အခမ်းအနားတက်​​ရောက်​သူ တစ်​ချို့
ဆယ်​​ကျော်​သက်​​လေးများ တက်​ကြွ​နေကြသည်​။

You've reached the end of published parts.

⏰ Last updated: May 18, 2019 ⏰

Add this story to your Library to get notified about new parts!

RelationshipWhere stories live. Discover now