"သတို့သမီး Park Yoorana သင့်ခင်ပွန်းပေါ် တစ်သက်လုံး
သစ္စာရှိပါမည်လော""Nae..."
"သင်တို့ ယခု နမ်းနိုင်ပါမည်....."
ဖာသာမှ ပြောလိုက်သည်နှင့် hall ခန်းမတစ်ခုလုံး
လက်ခုပ်သံညံသွားသည်မက မောင်နှံနှစ်ဦးကြားတွင်လည်း အနမ်းတို့ဝေသွားသည်။Mama Park မှ ဝမ်းသာမျက်ရည်တွေနဲ့ သမီးဖြစ်သူကို
ငေးကြည့်နေပုံကိုလည်း Photographer တွေက အမိအရ
မှတ်တမ်းတင်လိုက်နိုင်သည်။ သတို့သမီးသည် korea နိုင်ငံ၏
ထိပ်တန်း announcer ဖြစ်သည့်အားလျော်စွာ ခန်းမတစ်ခုလုံး လူအများပြည့်လျှံနေသည်။ လူကြီးပိုင်းတွေရော ဆွေနီးမျိုးစပ်တွေရော
သတင်းထောက်တွေပါ တက်ရောက်ကြသည်။
korea ၏ loyal ဆန်ဆန် lottee hotel တွင်ကျင်းပသည်မို့
မင်္ဂလာအခမ်းအနားသည် လွန်စွာခမ်းနားနေသည်။Wedding cake....ကို waiter လေးများမှ လှည်းနှင့် လျှောက်လမ်း
တစ်လျှောက် သတို့သားသတို့သမီးထံ တွန်းလာသောအခါ
ခန်းမတစ်ခုလုံး cake ချီးမွမ်းဖွင့်ခန်း ကျိတ်ကျိတ်နှင့် ပြောနေကြသည်။
အဘယ်မှာ မချီးမွမ်းအံ့ဘဲနေနိုင်မည်နည်း။ wedding cake သည်
ရိုးရှင်းစွာလှပနေသလောက် taste မှာလည်း သေချာပေါက်
တစ်သက်မမေ့နိုင်မည့် အရသာရှိမှာသေချာသည်။ အနှီ cake ကို စီမံသူမှာ သတို့သမီး၏တစ်ဦးတည်းသောမောင် Park chanyeol မှန်း
တပ်အပ်သိကြသောကြောင့်ဖြစ်သည်။အမလုပ်သူသည် media လောကတွင်ကျော်ကြားသလောက်
မောင်လုပ်သူ Park chanyeol သည်လည်း နိုင်ငံကျော်စာဖိုမှူး
ဖြစ်နေသောကြောင့်ဖြစ်သည်။ တစ်သက်မမေ့နိုင်သော ဟင်းလျာများကို
ဖန်တီးသူ အမောင် Park သည် အိမ်ပြာတော်ကပါ
နိုင်ငံ့အခမ်းအနားပွဲများရှိလျှင် ဟင်းလျာစီမံရန်
ကမ်းလှမ်းခံရသူဖြစ်သည်။ Chef Park ကြောင့်
တိုင်းတစ်ပါးနိုင်ငံသားများအလယ်တွင် korea ဟင်းလျာများသည်
မျက်နှာပွင့်ရစမြဲ။ Park Chanyeol သည်အပြောအဆိုပြေပြစ်သည်သာမက မျက်နှာအမြဲချိုနေသောကြောင့် koera တွင်
Idol တစ်ယောက်နီးပါးရေပန်းစားသည်။ Instagram တွင် followers millions ချီရှိသေးသည်။
ဟင်းချက်လက်ရာကောင်းသည်သာမက တစ်ခါတလေ
IG တွင် live လွှင့်ရင်း သီချင်းဆိုပြလေ့ရှိသည်မို့ ကောင်မလေးတွေက
သည်းသည်းလှုပ်ကြသည်။ ယခုလည်း အမ wedding တွင် လူလုံးပြဆိုပြမည်မို့ အခမ်းအနားတက်ရောက်သူ တစ်ချို့
ဆယ်ကျော်သက်လေးများ တက်ကြွနေကြသည်။