" တော်ပြီ နောက်မင်းနဲ့မဆော့တော့ဘူး "
ကလေး နှစ်ယောက် ဆော့ကစားနေရင်းရန်ဖြစ်ကြသည်...
" မဆော့နဲ့ ရတယ်... "
" မင်းကိုလုံးဝမခေါ်တော့ဘူး ငါ့လာမခေါ်နဲ့တော့"
" ရတယ် ထွက်သွား ... သွား ဒါငါ့အိမ် "
ဒေါ် Shelly တစ်ယောက် နောက်ဖေးမီးဖိုချောင်မှ
ကလေးနှစ်ယောက်အော်သံကိုကြား၍ ချက်ပြုတ်လက်စတွေ
ဘေးဖယ်ပြီး အပြေးကြည့်လိုက်တော့..." သွား ... မခေါ်နဲ့ရတယ်... သွား ... "
မျက်ရည်တွေ ၀ဲလို့ သူငယ်ချင်းကို အော်ဟစ်မောင်းထုတ်
နေသော သားလေးနဲ့ အိမ်ခန်းထောင့်လေးမှာ
လက်သီးလေး ကျစ်ကျစ်ပါ ဆုပ်ထားပြီး ငိုမလိုဖြစ်နေတဲ့
သားဖြစ်သူသူငယ်ချင်း ...." သား ... အဲ့လို မပြောရဘူးလေ သူငယ်ချင်းကို "
" သူက သားနဲ့မဆော့ဘူး သားကိုမခေါ်ချင်ဘူးတဲ့..
သွား မခေါ်နဲ့ဘယ်သူမှမလိုဘူး သွား ... ""သား ရယ် ... အဲ့လိုမပြောရဘူးလေ...
ဟယ် .. Chanyeollie .. သားလေး ..တီတီလိုက်ပို့ရမလား
သားလေး ခဏ "ရုတ်တရက် လွယ်အိတ်လေးကောက်လွယ်ပြီး
ပြန်မယ်လုပ်သော Chanyeol ကြောင့်
ငိုနေသော သားကိုချော့ရမလို အော်ခံထားရသော
Chanyeol လေးကိုတောင်းပန်ရမလို
ဗျာပူဝေနေရသော ဒေါ် Schelly ...." ရတယ် တီ Schelly .. သား
အသက် ၉ နစ်ရှိပါပြီ အိမ်ပြန်တတ်တယ်
သူပြောတဲ့အတိုင်းပဲ သားနောက်မလာတော့ပါဘူး ... "" ဟယ်..သား..Chanyeollie... "
ဒီကလေးတွေ ကို ဘယ်လိုလုပ်ရမလဲကိုမသိတော့..
Chanyeol လေးက သားလေးအပေါ်သံယောဇဉ်ရှိတာမို့
အမြဲ အဆိုးခံ အနိုင်ကျင့်ခံရသူလေး ...
၂နစ်ပိုကြီးလို့ အကိုကြီး တစ်ယောက်လို
သားလေးကိုလည်း ဆူငေါက်တတ်ပေမဲ့
သူကိုယ်တိုင်ကလည်း ခုထိကလေးသာသာမို့
ခုလိုရန်ဖြစ်ကြရာမှ အပျက်ပျက်သွေးထွက်တော့မည်....
YOU ARE READING
အချစ်ရိပ် ညနေ
Randomလှလှပပ ဘ၀လေးကို ရိုးရိုးသာမန်လေးနဲ့ မင်းနဲအတူ ငါဖြတ်သန်းချင်တယ် Yeol....