ကျွန်ုပ်​သိသမျှ

448 101 14
                                    

အင်း ဘာအ​ကြောင်း​ပြောရမလဲ​ပေါ့

စကား​တွေချည်းပဲ Upနေရင်​ပျင်းဖို့​ကောင်းတယ်​မလား

ဒါ​လေးကိုဖတ်​​နေပြီဆိုကတည်းက လူကြီးမင်းဟာ XBackသို့မဟုတ်​Zhang Yi Xingကို
ချစ်​ခင်​အား​ပေးတဲ့သူဖြစ်​​နေလို့ပဲ​ပေါ့

အဲ့ဒီ​တော့ သိပြီးသားလည်းရှိရင်​ရှိမှာပါ

မသိ​သေးတဲ့လူ​တွေအတွက်​ Lay​ခေါ်Zhang Yi Xingရဲ့အတ္ထိုပ္ပတ္တိ​လေးကို အကျဉ်းပြောပြချင်​ပါတယ်

~~~~~~

Layရဲ့ငယ်​နာမည်​ရင်းက​​Zhang Jia Shuai
张家帅ဖြစ်​ပါတယ်

ဇာတိ တရုတ်​နိုင်​ငံChangsha Hunanဖြစ်​ပြီး
အောက်​တိုဘာ၇ရက်​​ ၁၉၉၁ခုနှစ်​(တရုတ်​သိုးနှစ်​)မှာ​မွေးဖွားခဲ့ပါတယ်​ Zodiac signက Libraပါ

သွေးအမျိုးအစားကA​သွေးဖြစ်​ပြီး
Layဟာ Hunanမှာပဲကြီးပြင်းခဲ့ပါတယ်

အသက်​၇နှစ်​မှာပထမဆုံး အနုပညာ​လောကထဲ​ကို
က​လေးသရုပ်​​ဆောင်​အဖြစ်​ ​ရောက်​လာခဲ့ပါတယ်

များစွာ​သောVariety show​တွေမှာပါဝင်​ပြီး
နိုင်​ငံ​ကျော်​တဲ့အထိ က​လေးသရုပ်​​ဆောင်​အဖြစ်​လူသိများလာတယ်

Layရဲ့အ​မေဟာ မိုက်​ကယ်​ဂျက်​ဆန်​ရဲ့ပရိတ်​သတ်​ဖြစ်​တယ်​ သူ့မိ​ဘ​တွေက ငယ်​ငယ်​ကတည်းက အနုပညာအလုပ်​ကိုအား​ပေးခဲ့ကြပါတယ်

အ​မေဖြစ်​သူက​ပြောဖူးပါတယ်

ကျွန်​မသားက စာ​ကောင်း​ကောင်းမလုပ်​ဘူး
ဒါ​ပေမယ့်​သူက အနုပညာမှာအရည်​အချင်းရှိတယ်

၂၀၀၅ခုနှစ်​မှာ Hunanရဲ့TV showတစ်​ခုဖြစ်​တဲ့ star academyမှာ သီချင်းဆိုပြိုင်​ခဲ့ပြီး
တတိယဆုရခဲ့ပါတယ်

Layက အနုပညာအလုပ်​​တွေလုပ်​ရာမှာ
Zhang Yi Xing(张艺兴)ဆိုတဲ့နာမည်​ကို
ပြောင်းလဲအသုံးပြုခဲ့ပါတယ်

Layရဲ့မိဘ​တွေကို​တော့ တိတိကျကျမသိရပါဘူး
သူက​တော့ အဖိုး​အဖွားနဲ့တူတူ​နေခဲ့တယ်​လို့ပဲ​ပြောပါတယ်​(မ​သေချာ)

၂၀၀၈ခုနှစ်​မှာ​တော့ သူက​တောင်​ကိုရီးယား Kpop entertainmentတစ်​ခုဖြစ်​တဲ့ S.Mရဲ့
Global Auditionကို​ဖြေဆိုတာ
အောင်​မြင်​ခဲ့ပါတယ်

သူပြောခဲ့သော...(သူပြောခဲ့သော)Where stories live. Discover now