🌸

2.5K 268 49
                                    

"Baekhyun မင်း ရည်းစားလေးဘာလေး
ထားသင့်တယ် ကျောင်းတောင်ပြီးတော့မယ်
အခုထိရည်းစားမရသေးဘူး"

"အေးငါလည်း ထားချင်တယ် တစ်ယောက်လောက် ရှာပေး
ပါလား Kim JongDae ရယ်..."

"တော်တော် မင်းကို ရည်းစားရှာပေးရမယ့်အစား
ကျားဖင်ပြေးနှိုက်တာဖြစ်ဖြစ် မြွေကိုပြေးနမ်းတာဖြစ်ဖြစ်
လုပ်တာကမှ အဆတစ်ရာသက်သာဦးမယ်
မင်းကိုတစ်ခါ မိတ်ဆက်ပွဲလုပ်ပေးလိုက်တာလေ
ငါ့ကို အဲ့ကောင်မလေးက နားသွေးမထွက်ရုံတမယ်
ပြောဆိုသွားတာလေ စောင်ကျက်မပြည့်နဲ့ မိတ်ဆက်ပေးရ
လားဆိုပြီး!!"

"ဒါကတော့ ငါက ကောင်မလေးတွေမှ စိတ်မဝင်စားတာ!"

"ဘာ!! ဘာပြောတယ် မင်းမိန်းကလေးစိတ်မဝင်စားလို့
သူများကျောင်းရဲ့တကယ့်king နဲ့
မိတ်ဆက်ပွဲလုပ်ပေးတော့လည်း မင်းမွှေတာ ဟိုက ငါ့ကို
မြင်ရင် တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဖြစ်နေတာ"

JongDae ပြောရင်းနဲ့ သူ့ရှေ့က ရေကို တစ်ကျိုက်တည်း
မော့သောက်လိုက်တယ်.....

ပြန်တွေးကြည့်ရင် ကျက်သီးတဖြန်းဖြန်းထလှသည်.....

"ဟီး.... အဲ့တာက ဖူးစာမမှန်လို့ JongDaeရ
ဖူးစာသာမှန် ရင်...........လှလိုက်တာကွာ
နတ်သမီးလေး နတ်သက်ကြွေလာသလား မှတ်ရတယ်"

ဆရာကြီးလိုလို ဘာမှမရှိတဲ့မေးစေ့ကို ဟန်ပါပါပြောနေရင်း
အစမရှိ အဆုံးမရှိ လှလိုက်တာဆိုပြီး သူ့ဘက်ကို
ကြည့်ပြီးပြောလာတာကြောင့် JongDae
လက်ကအမွှေးတွေပင် ထောင်လာသည်......

"ဟေ့ကောင် အစမရှိအဆုံးမရှိ ဘာလို့ငါ့ကို လှတယ်
ပြောတာလည်း ချောတယ်လည်းမဟုတ်"

"ထွီ မင်းကိုပြောမလား ဟိုမှာမင်းနောက်မှာ
ကိုရီးယားရိုးရာဝတ်စုံလေးနဲ့ နတ်သမီးလေးကို ပြောတာ "

JongDae တစ်ယောက် Baekhyun ပြောတဲ့နေရာကို
လိုက်ကြည့်လိုက်တော့ အညိုရောင်ဆံပင်အလိပ်လေးကို
တစ်ဝက်စည်းထားပြီး
အနီရောင်လေးရိုးရာဝတ်စုံလေးနဲ့ကောင်မလေး
အောက်ကရှူးစီးထားတာကြောင့် ရိုးရာဝတ်စုံနဲ့တော့မသက်
ဆိုင်ပေမယ့် ဖြူဖွေးနေတဲ့ အသားအရေကြောင့်
သေချာမကြည့်လျင် ဖိနပ်ကို ဂရုပြုမိမည်မဟုတ်....

Hi ငါပါ Byun Baekhyun ပါ Oh Sehunရဲ့ ချစ်သူပါ 🙄[Completed]Where stories live. Discover now