🌸🌸

1.7K 246 98
                                    

"မင်း ဘယ်လိုလုပ်လိုက်တာလဲ....
ကျွတ်.... ကျွတ် album လေးနာသွားပြီ "

"မင်း.......*ဟင် ...ဟိုနေ့က ကောင်လေး *
ဘယ်လိုလုပ်လိုက်တာလဲ အအေးတွေ အင်္ကျီပေါ်မှောက်
ကုန်ပြီ"

Sehun အင်္ကျီပေါ်မှောက် ကျတာမို့ ဒေါသထွက်က
အော်မလို့လုပ်ပေမယ့် သူ့ကို ဟိုနေ့ကလာကြောင်တဲ့
ကောင်လေးဖြစ်တဲ့အပြင် သူနဲ့တိုက်မိတာကြောင့်
ကြမ်းပြင်နဲ့ တံတောင်ထောက်မိပြီးသွေးထွက်
သွားတာကြောင့် ဒေါသက ဘယ်ရောက်လို့ရောက်သွားမှန်း
မသိ........ ဒါကို ထိုကောင်လေးက မသိ မြေကြီးပေါ်ကျ
သွားတဲ့ သူ့ရဲ့ album ကို ဖုန်သုတ်နေလေရဲ့.....

"ဟေ့ ကလေးလေး အဆင်ပြေရဲ့လား? "

သူခေါ်တော့ ကလေးလေးက သူ့ကို သူလက်ညှိုးလေး
ထိုးပြီး ပြန်မေးတယ်......

"ငါလား?"

သူ့ပုံစံက ကျွန်တော့်ကို လုံးဝမမှတ်မိတဲ့ပုံဖြစ်တာကြောင့်
စိတ်ထဲနေ ထိုနေ့က မိတ်ကပ်ပြင်ပေးတဲ့ဆရာမကိုပင်
ကျေးဇူးတင်လိုက်သေးသည်.....

"ဒီမှာ ကလေး အရွယ်ဖြစ်နေတာ မင်းကလွဲပြီး ဘယ်သူရှိလို့
လဲ? "

"အောင်မာ ငါက ဒီက final year တက်နေတဲ့
Byun Baekhyun ကွ "

"အဟက်... ဒီကျောင်းမှာ final ထိ တက်ချင်ရင်
စာတအားလုပ်ရတာ ကိုကိုဆို မနှစ်ကဒီအချိန်ဆို
အထက်တန်းနောက်ဆုံးစာမေးပွဲမှာ အမှတ်ကောင်းဖို့
အသေအလဲ ကြိုးစားနေရတာ သွားသွား အိမ်ပြန်ပြီး
စာလုပ်တော့ "

"ဘော ကို ကိုကို Final year
Civil majorက Byun Baekhyun ဆို
ကြိုက်တဲ့လူမေးကြည့်လိုက် မသိတဲ့လူမရှိဘူး အိုကေ?
ဒီနေ့တော့ ငါစိတ်ကြည်နေလို့ သွားပြီ "

သူ့ရဲ့ခေါင်းကို လက်ညှိုးလေးနဲ့ထိုးက ထွက်သွားတဲ့အနှီ
Byun Baekhyun ဆိုတဲ့သူကို Sehun လိုက်
ကြည့်မိတယ်.....

သူ့ကို ဂုတ်ကနေဆွဲပြီးကြိုက်တဲ့လူမေးကြည့် ဘယ်သူမှ
Final year ဆိုတာကို ယုံမည်မဟုတ်....

Final year ဆိုလျှင်အနည်းဆုံး ၄နှစ်လောက်တော့
သူ့ထက်ကြီးမှာသေချာသည်....

ဒါပေမယ့်သူက အလယ်တန်းကျောင်းသားလေးလိုပင်
နုဖတ်နေသည်....

Hi ငါပါ Byun Baekhyun ပါ Oh Sehunရဲ့ ချစ်သူပါ 🙄[Completed]Onde histórias criam vida. Descubra agora