*အချစ်* တဲ့ သူငယ်ချင်းတွေကြားထဲလဲရှိတယ်မေဇင်...
ငါကနင့်အပေါ်ထားတဲ့ အချစ်မျိုးက
မြတ်နိုးမိယုံပါ ...
အချိန်တွေကုန်ဆုံးလာတာနဲ့အမျှပေါ့...သီးတင်းကျွတ်ပိတ်ရက်ပီးနောက် ရက်အနည်းငယ်ဆိုရင်ဖြင့် တန်းဆောင်တိုင်ပွဲ ရောက်တော့မှာဖြစ်တယ်၊၊
ကျနော်တို့ မြို့သေးသေးလေးက အထက်တန်း ကျနော်တို့ကျောင်းကဆိုရင် တန်ဆောင်တိုင်ဆိုရင် ပဒေသာသဘင်တွေကို
တန်းစီလှည့်လည်ရင်း တစ်မြို့လုံးကိုပတ်ကာ
အခန်းတိုင်း အတန်းတိုင်က အိုးစည်ဝိုင်း ရှမ်းဝိုင်း သိုးကတို့ လူဝံအကတို့
စုံနေအောင်ပဲ ပျော်စရာကောင်းတယ်မြို့က ရန်ကုန် ပြည် ကာလမ်းမပေါ်မှာ တန်ဆောင်တိုင်းဆို မြို့ရဲ့ ကားလမ်းမ တစ်ဖက်စီးမှာ ရပ်ကွက်တိုင်းက မဏ္ဍပ်၁ခုစီးရှိကြတယ်
ကားလမ်းမတစ်လျှောက်ပေါ့၊၊
မြန်မာလ တန်ဆောင်မုန်းလဆန်း ၁၃ရက်ဆို
မဏ္ဍပ်တွေပီးနေပီး ၁၄ရက်ဆိုရင်တော့
ပစ္စည်းတွေပို့ကြ ပုဂ္ဂလိကကျောင်း၂ကျောင်းရှိတယ် သူတို့ကညနေဘက်လှည့်တယ်
ကျနော်တို့ အစိုးရတန်းမြင့်ကျောင်းက
မနက်ဘက်ပေါ့ ကျောင်းမဏ္ဍပ် စာကြည့်တိုက်မဏ္ဍပ်တို့ (စာကြည့်တိုက်က ဆရာကောင်းသန့်စာကြည့်တိုက်)အများကြီး
လဆန်း၁၃ရက်ထဲ မုန့်ဆိုင် အရုပ်ဆိုင်
တွေနဲ့ပြည့်နေပါပီဒီနေ့လို နေ့မျိုးတွေက ပဒေသာပင်သီကြ
ပိုက်ဆံလိုရင်ပြန်စု တစ်ခန်းနဲ့တစ်ခန်းပြိုင်းထဲ့ကြ နဲ့ အဲ့ရက်ပိုင်းက စာသင်တာနည်းတယ်
အသင်းခေါင်းဆောင်အတန်းခေါင်းဆောင်တွေ အစည်းအဝေးဆိုရင်လဲ ဆရာမတွေကို ဂျီကျပီး စာမသင်ခိုင်းဘူးလေ"ဟဲ့ ကျောင်း ပဒေသာပင်လိုက်ပို့မှာမလား
အဲ့နေ့အပြန် ငါအအေးလိုက်တိုက်မယ်"နှင်းဝေက သူတို့ဆိုင်ဘေးက ဆိုင်ကိုလမ်းညွှန်လို့အဲ့ဆိုင်ပဲထိုင်ကြတာ ကျူရှင်ဆင်းတိုင်သွားနေကြမလို့
"ဝေ့...ခြစ်ခြစ်ဆိုင်းနော်"
"အေးပါ မေဇင် နင်ကရော"
"အိမ်က အဲ့နေ့ပို့မဲ့သူမရှိဘူး သိတဲ့အတိုင်းအကိုကြီးက သူ့သူငယ်ချင်းတွေနဲ့ပဲ လပြည့်နေ့တောင် ရပ်ကွက်ထဲက လူတွေနဲ့သွားရမှာ"
YOU ARE READING
ချစ်တယ်လို့ ဖွင့်မပြောခဲ့တာ...
Fanfictionမဖြစ်နိုင်မှန်ကို သိခဲ့တော့... သူငယ်ချင်းအဖြစ်နဲ့ပဲဆက်ရှိချင်မိလို့ ချစ်တယ်လို့ ဖွင့်မပြောခဲ့ပါ... ၅တန်းတုန်းက crushနဲ့အကြောင်းလေး😁 ဒါပေမဲ့ ၉တန်းလောက်ပုံစံနဲ့ရေးထားတယ် #အတိုပဲရေးမှာပါ...