Part1 ပန်းပွင့်လူသတ်သမား

592 34 0
                                    


တစ်ချို့ သူတွေကပြောကြတယ်ဖူးစာမှန်ရင်စိတ်ထဲကအလိုလို
သိတယ်တဲ့......ဒါပေမဲ့အ့ ဖူးစာအတွက်ဒုက္ခတွေ နာကျင်မှု
တွေ...မျက်ရည်တွေစတေးရမှာပဲလေ...

ပါမောက္ခရှန်ကရေဒီယိုလေးရဲ့ ခလုတ်ကိုဖြည်းညင်းစွာလှည့်လိုက်သည်...

"ဒီနေ့ ထူးခြားသတင်းကတော့Dragonမြို့ တော်ရဲ့ 
တက္ကသိုလ်နားမှာအမျိုးသားတစ်ယောက်သေဆုံးနေခြင်း
ဖြစ်သည်...သေဆုံးသူအမျိုးသားသည်ခေါင်းဖြတ်အသတ်
ခံရခြင်းသည်...ဒါကြောင့်ပြည်သူများသတိရှိကြပါရန်နှိုးဆော်
လိုက်ပါသည်...ကျွန်မတင်ဆက်သူLanပါရှင်"

ရေဒီယိုခလုတ်ကိုပြန်ပိတ်လိုက်ပြီးShanတစ်ယောက်လူ
သေဆုံးမှုကိုစဉ်းစားနေမိသည်...

####

"ခေါင်းဆောင် လူသတ်မှုဖြစ်လို့ တဲ့"

Wangကထိတ်ထိတ်ပျာပျာဖြင့်လာပြောသည်

"နေရာကတက္ကသိုလ်နားမှာပါ ခေါင်းဆောင်"

"ကောင်းပြီ သွားတာပေါ့...Da Qing ရေ ဘယ်ပျောက်နေ
လဲ...မင်းမလိုက်ရင်ငါ့မင်းရဲ့ ငါးခြောက်စားလိုက်မှာ
နော်"

"ဘယ်သူကမင်းကိုငါ့ရဲ့ ငါးခြောက်စားခိုင်းလို့ လဲ"
Da Qingကလှေကားပေါ်ကနေခုန်ဆင်းလာပြီးအော်
ပြောလိုက်သည်...

"လူသစ်လေးပါခေါ်ခဲ့ သွားမယ်"

အခင်းဖြစ်တဲ့နေရာရောက်တော့လူတွေအများကြီးအုံနေတာ
ကိုတွေ့ ရသည်...Yun Lanကသူ ရဲ့ ညစ်ပတ်ရှုပ်ပွနေတဲ့
အိတ်ကပ်ထဲကိုနှိုက်လိုက်တယ်......စက္ကူအဟောင်းများ
သကြားလုံးအခွံများကိုဖြတ်ကျော်ပြီးတဲ့နောက်မှာတော့သူ့ ရဲ့ 
IDကတ်ကိုတွေ့ သွားတော့တယ်...

တာဝန်ကျရဲကိုIDကတ်ပြပြီးအလောင်းကိုသေချာကြည့်လိုက်
တယ်...အလောင်းကပုံပျက်ပန်းပျက်သေနေပြီးယင်ကောင်
တွေနဲ့ အုံနေတယ်...စိတ်မခိုင်တဲ့Guoကတော့တဝေါ့ဝေါ့နဲ့ 
အန်နေသည်...Yun Lanကအလောင်းရဲ့ ဘေးနားမှာ
နှင်းဆီပန်းအနီရဲရဲတစ်ပွင့်ကိုတွေ့ သွားသည်...ထို့ နောက်

"ကြောင်စုတ် မင်းပြောစမ်းလူသတ်သမားကဘာလို့ နှင်းဆီ
ပန်းကျနေရတာလဲ"

"ကြည့်ရတာလူသတ်သမားကစိတ်ကူးယဉ်ဆန်ချင်လို့ နေမှာ
ပေါ့...ဒါမှမဟုတ် မိန်းမဖြစ်လို့ နေမှာပေါ့"

Yun Lanကကြောင်Da Qingပြောတာကိုခေါင်းခါပြ
လိုက်ပြီး......

"မိန်းမတစ်ယောက်ကယောကျာ်းတစ်ယောက်ကိုပုံပြတ်
ဆင်းပြတ်ဖြစ်အောင်မသတ်နိုင်ဘူး...ဘာလို့ လဲဆိုတော့
သူတို့ ကအားသိပ်မပြင်းလို့ ပဲ...ဟေ့လူသစ်လေး Lin
ကိုဖုန်းဆက်...CCTVကိုစစ်ပေး နောက်ဆုံးမျက်မြင်သက်
သေဘယ်သူလဲဆိုတာမေးလိုက်..."

ထို့ နောက်Yun lanကအနီးအနားကိုလှည့်ပတ်ကြည့်နေလိုက်တယ်...အနီးအနားကအရာတွေကလည်းအကောင်း
အတိုင်းယုတ်စွအဆုံးသစ်ပင်ကိုင်းလေး...မြက်ပင်လေး
တောင်အကောင်းအတိုင်း......ဒါဆိုလူသတ်သမားက
အဆိပ်ခတ်လိုက်တာလား...ဒီပန်းလမ်းသွားလမ်းလာတစ်ဦး
ကျကျန်ခဲ့တာလား...မဖြစ်နိုင်ဘူး လမ်းသွားလမ်းလာတစ်ဦး
ကျကျန်ခဲ့တာဆိုရင်ဘာလို့ အလောင်းနားမှာလာကျနေတာလဲ

"ခေါင်းဆောင် အကိုLinကပြောတယ်မျက်မြင်သက်သေ
ကချန်ယွဲ့ တဲ့"

"ချန်ယွဲ့ "Yanကတိုးတိတ်စွာရေရွတ်လိုက်သည်။

ကမ္ဘာတည်သ၍Where stories live. Discover now