" ခင်ဗျားကြီးကို ကျတော်မယူနိုင်ဘူး "
" ဒါ ကလေးကိစ္စမှမဟုတ်တာ..ကလေးဘက်က ကိုယ့်ကို ငြင်းပိုင်ခွင့်မရှိဘူး "
" ဟ..တော်တော်ရီရတာဖဲ..ယောက်ျားချင်းပြန်ယူရအောင် ဘာလဲ ခင်ဗျားက Gay လား? ဒီမှာ ခင်ဗျား ဘာသာ Gay Gay မ Gay Gay စိတ်မဝင်စားဘူး .. ကျတော် သိတာ ခင်ဗျားကို လုံးဝ မယူနိုင်ဘူး .. ရှင်းလား? "
" ကိုယ်ကတော့ ယူမှာ..မင်းကိုရအောင် ယူဦးမှာ "
" အရူး .. ခင်ဗျား ရူးနေပြီ "
" အင်း..ကိုယ်ကလေးကြောင့် ရူးသွားတာ..အဲ့တာကြောင့်လဲ မင်းကိုရအောင်ယူမလို့လေ "
" သွားပြီ..Min Yoongi ခင်ဗျားကြီး လုံးဝ ရူး သွားပြီ..ယူရအောင် ခင်ဗျားကျတော့်ကို ဘာထင်နေတာလဲ "
" ချစ်ဖို့ကောင်းတယ်လို့ ထင်တာဖဲ "
" ဘာာ!!! "
" ကလေးဘဲ ဘာထင်နေလဲဆို.."
" တော်...ခဗျား ကျတော့်ကို ကလေး ကလေး လို့မခေါ်နဲ့ ..ကြက်သီးတွေထ လွန်းလို့ ...ပြီးတော့ ကျတော် ယောက်ျားဗျ ... Gay မဟုတ်ဘူး..ခင်ဗျားကိုလဲ စိတ်မဝင်စားဘူး...အဲ့တော့ မယူနိုင်ဘူး"
ဖုန်းဆက်ချိန်းပြီး ပြောစရာရှိတယ်ဆိုလို့ ထွက်လာလိုက်တာ လက်စသက်တော့ ကျတော့်ကို ရန်တွေ့ဖို့ဖဲ..။
ကြည့်ပါဦး...
ကျတော့်ကို ပြောချင်တာတွေပြောပြီး ရန်ထောင်နေလိုက်တာ တစ်ကယ့်ကိုမာန်ဖီနေတဲ့ ကြောင်ပေါက်လေးအတိုင်းဖဲ..။ခက်တာက ကြောက်ဖို့မကောင်းဘဲ ချစ်ဖို့ကောင်းနေတာရယ်..။
ကျတော့်ကို ရန်တွေ့လိုက်~
ရှေ့က နွားနို့ကို တစ်ငုံသောက်လိုက်~
ပြီးရင် ပြောချင်ရာတွေ ထပ်ပြောလိုက်~
မှာထားတဲ့ မုန့်ကို နှိုက်စားလိုက် နဲ့နှုတ်ခမ်းတစ်ဝိုက်မှာလဲ နွားနို့ရာ အကွင်းလိုက်...
ပါးစပ်ထောင့်နားလေးမှာလဲ coconuts အမှုန့်တွေက ကပ်နေဆဲ ... ဒါတောင် ပိကျိ ပိကျိနဲ့ ပြောချင်ရာတွေ ပြောနေသေးတာ ...။