တစ်သက်စာအတွက်မခွဲတော့ဘူးလို့
ကျွန်တော်တို့ကတိတွေထားခဲ့ကြ။ကျွန်တော်ရယ်ရင်ခင်ဗျားကပျော်ပြီး
ခင်ဗျားစိတ်ညစ်တဲ့အခါ ကျွန်တော်ပါ
ဝိုင်းကူငူငိုင်ပေးနေကြပဲလေ။ဇာတ်ဆရာ အလိုကျ
ဖြုတ်ချခံခဲ့ရတဲ့
တွဲလက်တစ်ဖက်ကတော့
စွယ်တော်ရွက်မြွှာတွေကို
ထက်ခြမ်းခြမ်းခဲ့မိခြင်းရဲ့
အပြစ်ဒဏ်ပဲဖြစ်မှာပါ။"အရုပ်ကလေးက
သိပ်ချစ်ဖို့ကောင်းတာပဲ"ကျွန်တော့်ပါးပြင်တစ်ဖက်ကို
ဆွဲဖျစ်ညစ်ရင်း.....ကျွန်တော့်အတွက်ခင်ဗျားပေးအပ်ထားတဲ့နာမ်စား ကိုရွတ်ဆိုရင်း....
အင်း...ကျွန်တော်က
ခင်ဗျားရဲ့အရုပ်ကလေးပဲပေါ့။ခင်ဗျားရဲ့ သိပ်.ချစ်.ဖို့.ကောင်း.ပြီး
ခင်ဗျားပြောသမျှခေါင်းညိတ်တတ်တဲ့
သက်ရှိ အရုပ်ကလေး။ခင်ဗျားခြေရင်းမှာညွတ်တွားခယပြီး
သခင်ပျောက်မှာကိုစိုးရိမ်နေတတ်တဲ့
အိမ်မွေးခွေးပေါက်လေးတွေလိုမျိုး
ခင်ဗျားသွားတဲ့နောက် အရှက်မရှိ
ကျွန်တော်လိုက်ပါခဲ့ဖူးတာပဲ။"အရုပ်ကလေးက သိပ်ဆိုးတာပဲ"
အဲ့အပြောလေးရယ်....
မီးခိုးရောင်ကျွန်တော့ဆံပင်တွေထဲ
ထိုးထည့်ဖွမြူတတ်တဲ့ခင်ဗျားရဲ့
လက်ချောင်းသွယ်သွယ်တွေဟာလေကျွန်တော့်ကျရှုံးခန်းတွေရဲ့အစပဲ။
ကျွန်တော့်ပါးချိုင့်နက်နက်တွေဟာ
ခင်ဗျားနဲ့တွေ့မှတည်မြဲတတ်မှန်း
ခင်ဗျားသိပြီးတဲ့နောက်
ကျွန်တော့်ပါးပြင်ပေါ်
ငန်ကျိကျိအရည်တစ်ချို့
စတင်နေရာယူတော့တာပဲ။နေဝင်ချိန်တွေမှာ
အိမ်ကိုတည့်တည့်မတ်မတ်
ပြန်မရောက်လာတော့တဲ့
ခင်ဗျားရဲ့ခြေလှမ်းတွေ။ရှပ်အကျႌကော်လံပေါ်မှာ
ကပ်ညိတွယ်ကပ်လာတတ်တဲ့
အရောင်စုံသောနှုတ်ခမ်းနီတွေဟာ
ကျွန်တော့်နှလုံးအိမ်ကွဲအက်ခြင်းတို့နိဒါန်းပျိုးရာပဲ။"အရုပ်ကလေးက
ကိုယ့်ကိုမယုံတော့တာလား။"အဖြေမရှိခဲ့ဖူးတဲ့မေးခွန်းတိုင်းဟာ
တစ်ဖက်သက်စွဲဆိုချက်တွေနဲ့ပဲ
အဆုံးသတ်ခဲ့ရပေါင်းလဲ များခဲ့ပြီ။
YOU ARE READING
ခင္ဗ်ားရဲ့အ႐ုပ်ကလေး
Fanfictionနေကြာပန်းတွေဟာ သိပ်သနားဖို့ကောင်းတယ်လို့ ကျွန်တော်ပြောတဲ့အခါ ခင်ဗျား ခပ်သဲ့သဲ့ လှောင်ရယ်ပါ