ခင္ဗ်ားရဲ့အ႐ုပ်ကလေး

1.2K 121 15
                                    

တစ်သက်စာအတွက်မခွဲတော့ဘူးလို့
ကျွန်တော်တို့ကတိတွေထားခဲ့ကြ။

ကျွန်တော်ရယ်ရင်ခင်ဗျားကပျော်ပြီး
ခင်ဗျားစိတ်ညစ်တဲ့အခါ ကျွန်တော်ပါ
ဝိုင်းကူငူငိုင်ပေးနေကြပဲလေ။

ဇာတ်ဆရာ အလိုကျ
ဖြုတ်ချခံခဲ့ရတဲ့
တွဲလက်တစ်ဖက်ကတော့
စွယ်တော်ရွက်မြွှာတွေကို
ထက်ခြမ်းခြမ်းခဲ့မိခြင်းရဲ့
အပြစ်ဒဏ်ပဲဖြစ်မှာပါ။

"အရုပ်ကလေးက
သိပ်ချစ်ဖို့ကောင်းတာပဲ"

ကျွန်တော့်ပါးပြင်တစ်ဖက်ကို
ဆွဲဖျစ်ညစ်ရင်း.....

ကျွန်တော့်အတွက်ခင်ဗျားပေးအပ်ထားတဲ့နာမ်စား ကိုရွတ်ဆိုရင်း....

အင်း...ကျွန်တော်က
ခင်ဗျားရဲ့အရုပ်ကလေးပဲပေါ့။

ခင်ဗျားရဲ့ သိပ်.ချစ်.ဖို့.ကောင်း.ပြီး
ခင်ဗျားပြောသမျှခေါင်းညိတ်တတ်တဲ့
သက်ရှိ အရုပ်ကလေး။

ခင်ဗျားခြေရင်းမှာညွတ်တွားခယပြီး
သခင်ပျောက်မှာကိုစိုးရိမ်နေတတ်တဲ့
အိမ်မွေးခွေးပေါက်လေးတွေလိုမျိုး
ခင်ဗျားသွားတဲ့နောက် အရှက်မရှိ
ကျွန်တော်လိုက်ပါခဲ့ဖူးတာပဲ။

"အရုပ်ကလေးက သိပ်ဆိုးတာပဲ"

အဲ့အပြောလေးရယ်....

မီးခိုးရောင်ကျွန်တော့ဆံပင်တွေထဲ
ထိုးထည့်ဖွမြူတတ်တဲ့ခင်ဗျားရဲ့
လက်ချောင်းသွယ်သွယ်တွေဟာလေ

ကျွန်တော့်ကျရှုံးခန်းတွေရဲ့အစပဲ။

ကျွန်တော့်ပါးချိုင့်နက်နက်တွေဟာ
ခင်ဗျားနဲ့တွေ့မှတည်မြဲတတ်မှန်း
ခင်ဗျားသိပြီးတဲ့နောက်
ကျွန်တော့်ပါးပြင်ပေါ်
ငန်ကျိကျိအရည်တစ်ချို့
စတင်နေရာယူတော့တာပဲ။

နေဝင်ချိန်တွေမှာ
အိမ်ကိုတည့်တည့်မတ်မတ်
ပြန်မရောက်လာတော့တဲ့
ခင်ဗျားရဲ့ခြေလှမ်းတွေ။

ရှပ်အကျႌကော်လံပေါ်မှာ
ကပ်ညိတွယ်ကပ်လာတတ်တဲ့
အရောင်စုံသောနှုတ်ခမ်းနီတွေဟာ
ကျွန်တော့်နှလုံးအိမ်ကွဲအက်ခြင်းတို့နိဒါန်းပျိုးရာပဲ။

"အရုပ်ကလေးက
ကိုယ့်ကိုမယုံတော့တာလား။"

အဖြေမရှိခဲ့ဖူးတဲ့မေးခွန်းတိုင်းဟာ
တစ်ဖက်သက်စွဲဆိုချက်တွေနဲ့ပဲ
အဆုံးသတ်ခဲ့ရပေါင်းလဲ များခဲ့ပြီ။

ခင္ဗ်ားရဲ့အ႐ုပ်ကလေးWhere stories live. Discover now