🌲1🌠

2.6K 227 18
                                    

(Zawgyi)
ညက အေးသထက်အေးလာသည်။လည်ပင်းက မာဖလာအညိုရောင်လေးကို နှာခေါင်းထိပ်အထိလုံအောင် ဆွဲဖုံးပြီး မီးရောင်ဝါဝါတွေနဲ့ အဖော်ပြုနေတဲ့ လမ်းမကြီးဆီကို ကျွန်တော်ငေးကြည့်နေမိသည်။. . .

ကုတ်အင်္ကျီအိတ်ကပ်ထဲကို လက်တွေထိုးထည့်ရင်း ခြေထောက်နှစ်ဘက်လုံးကို မြေကြီးနဲ့ဝေးကွာအောင် တစ်ချက်.. နှစ်ချက် ခုန်ဆွဆွလုပ်နေမိရင်း အအေးပေါ့အောင်ကြိုးစားလိုက်သည်။

ခေါင်းပေါ်က သိုးမွှေးဦးထုပ်က နှင်းတွေစိုရွှဲလို့. .ဆံပင်တွေကြားထဲအထိ တိုးဝှေ့လာတဲ့အခါ အအေးဓာတ်ကိုပိုလို့ ခံစားမိလာစေသည်။

ခြေထောက်တွေကို တဆောင့်ဆောင့်လုပ်ပြီး ခုန်ပေါက်ပြီးတဲ့အခါ လမ်းမဘက်ကို နောက်တစ်ခေါက် ငေးကြည့်မိပြန်သည်။ ဒီတစ်ခေါက်တော့ ကျွန်တော့နှုတ်ခမ်းတို့က ကွေးညွတ်တက်လာသည်။ ထို့အတူ ပါးဖောင်းဖောင်းတွေကပါ မာဖလာနဲ့လွတ်ထွက်သွားတဲ့နေရာအထိ မြောက်တက်သွားတာကြောင့် လေနုအေးတွေက ပါးကို ကျီစယ်သွားကြပြန်သည်။
ဆိုင်ကယ်သံအကျယ်ကြီးက ပတ်ဝန်းကျင်အနှံ့ဖုံးလွှမ်းသွားသည့်အခိုက် လမ်းမနဲ့နီးတဲ့နေရာကို ကျွန်တော်မြန်မြန်လျှောက်သွားမိလျက်သားဖြစ်နေသည်။

ဂျက်ကတ်အနက်ရောင်ရဲ့အောက်က အနက်ရောင်လည်ရှည်အင်္ကျီတစ်ထည်သာ ထပ်ဝတ်ထားတဲ့Hyungကို ဆိုင်ကယ် ရပ်ရပ်ချင်း ခပ်စူးစူးစိုက်ကြည့်တဲ့အခါ ဦးထုပ်ကိုချွတ်ရင်း Hyungက ခပ်ဟဟရယ်၏။
           ဆိုင်ကယ်ဒေါက်ထောက်ရင်းရပ်ထားလိုက်ကာ ကျွန်တော်ရပ်နေတဲ့ နေရာနားကို လျှောက်လာတဲ့အခါ သူ့နှုတ်ခမ်းတွေက အအေးဓာတ်ကြောင့် အငွေ့မျှင်မျှင်တွေ ဖန်တီးနေသလိုရှိ၏။

"ကလေး အကြာကြီးစောင့်လိုက်ရလား "

ကျွန်တော် ခေါင်းခါလိုက်သည်။တကယ်တမ်းလဲ မိနစ်30ဆိုတဲ့အချိန်က ဘာမှမှ မကြာလိုက်တာ. .သူ့ကိုစောင့်နေရတာဆိုတဲ့ အသိနွေးနွေးတစ်ခုကတောင် ကျွန်တော့်ကို လုံခြုံစေတယ်ဆိုတာ မေ့များသွားပြန်ပြီလား မသိ။

"Hyung က ကျွန်တော့်စကားကို လုံးဝနားမထောင်ဘူးနော် ညဆိုအေးလို့ ဆိုင်ကယ်စီးတဲ့အခါ အင်္ကျီထူထူဝတ်ခဲ့ပါလို့ ဒီလောက်မှာထားရက်နဲ့ ပြောစကားနားမထောင်ရင် နောက်ကိုလာမကြိုနဲ့တော့  "

Mint Yellow   #Color_SeriesWhere stories live. Discover now