ပင်ပန်းပါသည် တကယ်ကိုပင်ပန်းပါသည်။
အမှန်အတိုင်းဆို သူဒီလောကကြီးထဲကနေတကယ်ထွက်သွားချင်ပြီးဘယ်ဘက်ရင်ဘက်နားကအကျီင်္စကိုဆုပ်ကိုင်ကာ အသံမထွက်အောင် သတိထားရင်းငိုနေမိတယ်
ဖြစ်နိုင်ရင် အသံကျယ်ကြီးနဲ့အော်ငိုပစ်ချင်ပါသည်
ဒါမယ့် လုပ်ပိုင်ခွင့်မရှိခဲ့ဘူး။ တစ်နေ့တစ်နေ့ အသက်ရှင်နေရတာ စိတ်ပျက်လွန်းလို့သေမိတော့မယ်
သူမဆိုသည့် မင်ယူနိုဆိုသည်မှာလည်း ဆိုင်ကယ်တွေကားတွေရှေ့က ဖြတ်ပြေးနေမိလည်း လွတ်သွားတာကြီး။ ဘာလို့များ အထီးကျန်စွာ လောကကြီးမှာတစ်ယောက်ထဲရှင်သန်ခွင့်ပေးရတာလဲ
လူကငိုလွန်းလို့ ခေါင်းတွေတောင်ကိုက်လာပြီး အသံလည်းမထွက်လာတော့ အသက်လည်းရှုနေရတာမောလာပြီး
မတ်တပ်ရပ်လိုက်တော့ ခြေထောက်ကမခိုင်ချေပဲ ကြမ်းပြင်ပေါ်တစ်ဖန်ပြုတ်ကြသွားသည်။ဘေးကနံရံကိုအားပြုကာလက်နဲ့ထောက်လိုက်ပြီး ပြန်ထလိုက်သည်။
ထိုနောက် နံရံကိုပဲအားပြုကာ အိမ်ခန်းထဲရှိ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်သည်
မျက်လုံးလည်းငိုထားလွန်လို့မို့ကာနေပြီးဘေစင်ပေါ်လက်ထောက်ကာ မောနေတဲ့အသက်ရှုသံတွေကိုပုံမှန်ဖြစ်အောင် ခဏလောက်ငြိမ်နေလိုက်သည်
အရာအားလုံးပုံမှန်ဖြစ်သွားကာမှ ရေချိုးခန်းထဲကထွက်ကာ ကုတင်ပေါ်လှဲလိုက်ပြီးဖုန်းကိုယူကြည့်လိုက်သည်
9:00 PM
သူငိုတာနှစ်နာရီတောင်ကြာခဲ့ပြီးပဲ
သူ့ဆီက Messagesတွေဝင်နေခဲ့တာ သူမသိပါသည်။
ဒါမယ့် ဝင်ကြည့်ဖို့အခြေနေမဟန်ခဲ့တာမို့ ဝင်မကြည့်ဖြစ်ခဲ့
ခုမှစိတ်အေးအေးဖြင့်ဝင်ကြည့်လိုက်တယ်