❤️

5 1 0
                                    

နှလုံးသားတစ်ခုလုံးကိုပေးဆပ်လိုက်ပြီး
နောက် ရလာတဲ့ အပြစ်က နာကျင်ခြင်း။
ဘဝရဲ့အချိန်တွေကို သူနဲ့ပျော်ရွှင်စွာဖြတ်သန်းချင်တဲ့ကျွန်တော့်ဆန္ဒကို ကံကြမ္မာက
အလိုမလိုက်။ ကံကြမ္မာကိုသာ တောင်းပန်ခွင့်ရှိခဲ့ရင် သူနဲ့ကျွန်တော့်ကို တွေ့ဆုံခွင့်ပေးခဲ့တဲ့ အချိန်ကို သူ့မှတ်ဉာဏ်ထဲက
ထုတ်ပေးစေချင်တယ်။
*******************************
"ဟေ့ကောင် ခွန်သူရိန်ခန့်"
"ဘာလဲကွာ"
"ငါတို့ main ထဲသွားရအောင်။အဲ့က queen လေးတွေက ချောတယ်တဲ့"
"ဖြိုးခန့်မောင် မင်းဆေးကျောင်းတက်တာ မင်းနှခေါင်း မင်းပြန်ကုမို့လား။
လူတွေကယ်မို့လား"
"မင်းကတော့လုပ်ပြီ။ လူ့အသက်ကယ်ချင်လို့ တက်တာပေါ့ကွ"
"အာ့ဆိုလည်း ဘာနှာဘူးသွားထမှာလဲ ဒီနေ့ အတန်းချိန်က အရေးကြီးတဲ့ဟာကို"
"မင်းကလည်း ဒီတစ်ချိန်လေးပဲကို ဒီစာတွေက မင်းပြန်ရှင်းပြလည်းရပါတယ် ဟဲဟဲ"
"မင်းကြီးတော် မို့ ငါက ရှင်းပြရမှာလား"
"ခွန်လေးကလည်း လုပ်ပါကွာ မင်းကလည်း ဒီနေ့တစ်ရက်ထဲကို လုပ်ပါ ။ငါတို့ ကျောင်းရဲ့ prince လေးက စိတ်ထားကောင်းတယ်ဆိုတာငါသိတယ် ဒီတစ်ခါပါပဲကွာ"
"ပြီးတာပဲ ဒီတစ်ရက်ထဲနော်"
"အေး။ မင်းလိုက်ခဲ့မယ်မဟုတ်လား။ ငါမင်းကို နေ့လည်စာကျွေးပါ့မယ်ကွာ"
"အာ့ဆိုလည်းသွားမယ်"
"အေး အေး"
******************************
"သတ်မြတ် ဒီအတန်းချိန်လစ်ရအောင်"
"ဟင်..လစ်ပြီးဘာလုပ်မို့လဲ မိလဝန်း"
"နင်နဲ့တော့ခက်ပြီ ပျင်းလို့ ကန်ဘောင်သွားရအောင်"
"ကို ငါ့ကို ဆူနေပါအူးမယ်ဟာ သူအတန်းပြီးအောင်မစောင့်ဘဲ သွားလို့ဆိုပြီး"
"နင့်ကလည်း နင့်ကိုကို ကိုစိုင်းမြင့်မြတ်ဘုန်း ဆူမှာဆိုးလို့လား??"

'စိုင်းမြင့်မြတ်ဘုန်း' တစ်နည်းပြောရရင် ကျွန်မအရမ်းချစ်ရတဲ့သူပေါ့ ကျွန်မထက် နှစ်နှစ်ကြီးသလို ကျွန်မကို အရမ်း ဂရုလည်းစိုက်တဲ့ သူပေါ့ YU ရဲ့ third year the whole king ဆိုလည်း မမှားဘူးပေါ့....

"အာာ အဲ့လိုတော့မဟုတ်ပါဘူးဟာ"
"အာ့ဆိုလည်းသွားရအောင် ငါလည်း ကန်ဘောင် မရောက်တာကြာပြီ"
"အေး အာ့ဆိုသွားမယ်"

သတ်မြတ်တို့ ကျောင်း ထိပ်အရောက်....
"အ"
"တောင်းပန်ပါတယ်နော် ကျွန်တော်မမြင်လိုက်လို့"
ခွန်သူရိန်ခန့်တစ်ယောက် ပြုတ်ကျသွားတဲ့ စာအုပ်လေးတွေကို ကောက်ပြီး ပိုင်ရှင်ထံပြန်ပြီး လက်ကမ်းပေးလိုက်တယ်။
"ဒီမှာ ညီမ စာအုပ်တွေ ကိုယ့်ထက် ငယ်မယ်ထင်လို့ ညီမ လို့ခေါ်လိုက်တယ် ရတယ်မလား"
"ရှင် ..... ရ..ရပါတယ်"
"ကျေးဇူးနော် သွားခွင့်ပြုပါဦး"
လဝန်း ဝင်ပြောလိုက်သည်။
"arr.. ဟုတ်ကဲ့ "
ကျွန်မထံသို့ စာအုပ်များကမ်းပေးသည့်သူ။ ညီတန်းနေသော သွားလေးတွေဘေးနားက နှုတ်ခမ်းလေး ပြုံးသယောင်။
ထူထဲသော မျက်ခုံးများအောက်မှ မျက်လုံးကျဉ်းကျဉ်း။ အသားကလည်းဖြူဖွေးစွတ်ပြီး ထိရက်စရာတောင်မရှိ အင်္ကျီ အဖြူလက်ရှည်ကို ပုဆိုးနဲ့တွဲဝတ်ထားသည်မှာ မသိရင် EXO ထဲက beakhyun များမျက်စိရှေ့ရောက်လာသလားပဲ.ကျွန်မစိတ်ထဲ တော့ဒီကောင်လေး တော်တော် ချစ်ဖို့ကောင်းတယ်လို့သာ မှတ်ထားမိလိုက်သည်
"ဟဲ့ သက်မြတ် ခုနက ကောင်လေးလေ uke ဆိုဒ်လေးဟာ ဘယ်လိုချစ်ဖို့ကောင်းမှန်းမသိ ငါနော် စိတ်ရှိလက်ရှိသာဆို သားလေး လို့ခေါ်ပြီး seme ရှာပေးလိုက်ချင်တယ် "
"လဝန်းကလည်း နင့်အကျင့်တွေပေါ်လာပြန်ပြီ လာသွားမယ်"
*******************************
"ငဖြိုး"
"ဘာလဲ ခွန်ခန့်"
"ငါတို့ ခုနကတွေ့ခဲ့တဲ့ကောင်မလေးလေ"
"အေး ပြော"
"မင်းသူ့ကို သိလား"
"မသိဘူးလေ။ ငါလည်းခုမှ ဒီကျောင်းကိုရောက်ဖူးတာကို"
"ဘာလဲ မင်းသူ့ကိုကြွေသွားတာလား"
"ဟုတ်ပါဘူး။ ဒီတိုင်းမေးကြည့်တာ"
ဘဝတစ်လျှောက် တစ်ခါမှမလိမ်ခဲ့ဖူးသော ကျွန်တော်သည် ပထမဆုံးအကြိမ်အဖြစ် လိမ်လိုက်မိသည်။ ဒါကလည်း တစ်ခါပဲဆုံဖူးသည့် ကောင်မလေးတစ်ယောက်ကြောင့်။
"မင်းဘယ်သူလဲ ဘယ်ကလဲ တော့မသိပေမယ့် ကိုယ်မင်းနဲ့ နောက်တစ်ခါထပ်ဆုံချင်သေးတယ်"
ခွန်သူရိန်ခန့် တိုးတိုးလေးရေရွတ်လိုက်မိသသည်။
********************************

You've reached the end of published parts.

⏰ Last updated: Oct 27, 2018 ⏰

Add this story to your Library to get notified about new parts!

Here Inside My HeartWhere stories live. Discover now