ဆူညံပွက်လောရိုက်နေတဲ့ လူတွေကြားထဲ ခေါင်းတလည်လည် ၊ လည်တခါခါနှင့် ကျမမှာအိနြေ္ဒမရဖြစ်နေရသည်။
သီချင်းသံတွေက စူးစူးဝါးဝါးနှင့် လူတွေက ဟေးလားဝါးလား၊ နှစ်ကုန် နှုတ်ဆက်ပွဲက အရမ်းစည်ကားလွန်းနေသည်။
စောစောလာပါပြောပြီး ခုထိ အရိပ်အယောင်မတွေ့သေးတဲ့ sanbaeကြောင့် ရောက်လာပြီးမှ ဘယ်သွားရမှန်းမသိ၊ ရောက်ပြီလို့ msg ပို့ထားပေမယ့် seen တောင်မပြသေး။
ထွေထွေထူးထူးလဲ လုပ်စရာမရှိတာမို့ သူငယ်ချင်းမတွေနဲ့အတူတူသာ ယောင်လည်လည် လုပ်နေမိသည်။ စားတဲ့သူက စား..သောက်တဲ့သူကသောက်...ဆရာ ဆရာမတွေပါမကျန် အားလုံးလိုလိုက တောက်ပစွာပြင်ဆင်ထားကြသည်။
မေဂျာအစုံအညီက အချောအလှတွေကြားမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ ဒီလောက်ပြင်လာတာတောင် မှေးမှိန်နေသည်မှာ စိတ်ပျက်စရာ။
Buffet စားပွဲပေါ်မှ ရေတခွက်သာ စိမ်ပြေနပြေ မော့သောက်နေလိုက်တော့သည်။ ဘေးကဟာမတွေကတော့ ဖုန်းတရမ်းရမ်းနှင့် ဆယ်ဖီဆွဲလို့မပြီးတော့...သူတို့ခိုင်းသလို ပိုစ့်မျိုးစုံလိုက်လုပ်ပေးနေရသည်မှာ တစ်ဒုက္ခပင်။
တကယ်တမ်း အတွေးတွေနဲ့ မျှော်လင့်ခဲ့တာက sanbaeနဲ့ နှစ်ယောက်ထဲ အေးအေးလူလူတနေရာရာမှာ စကားပြောကြမယ်ပေါ့....ပြီးတော့ တစ်ညလုံးလူးလိမ့်ပြီး ရီလိုက်ငိုလိုက် ပြင်ဆင်ခဲ့ရသည့် ကိစ္စကလည်း ရှိသေးသည်။
*ကျမ sanbaeကို ဖွင့်ပြောတော့မယ်*
ကိုယ့်အတွေးနဲ့ကိုယ် လက်ဖျားတွေပါ အေးစက်လာသဖြင့် ရေတခွက်ကို မော့ယူသောက်ရပြန်သည်။ အခြေအနေကောင်းခဲ့တယ်ဆိုတော့ အဆင်ပြေမယ်လို့မျှော်လင့်ရတာပါပဲလေ....
ဟိုကလေးမတွေကို အကူအညီတောင်းရင်ကောင်းမလား? အားကိုးတကြီးကြည့်မိတော့ သူတို့ကလဲ သူတို့ကိစ္စနဲ့သူတို့.အလုပ်ရှုပ်နေကြသည်။ ..ပြီးတော့ သူတို့ဆိုင်ရာဆိုင်ရာ ဘဲတွေကလဲ ပါကြသည်မို့ ပြောရမှာ ရှက်နေပြန်သည်။ ဟင့်အင်း မပြောတော့ပါဘူး!
ဖုန်းကိုထုတ်ကြည့်တော့ msg က seenပြသွားပြီဖြစ်သည်။ တချက်ပျော်သွားပေမယ့် အခုထိ ပြန်မဆက်သွယ်သေးတာ ဘာလို့ပါလိမ့်...၊ ဒီနေ့မှ ဟန်ဂျေဟီးတယောက် ဒုက္ခက မသေးပေ...ထိုင်ရမလို ထရမလို ဖင်မီးခဲခုထိုင်ထားသလိုလို။
YOU ARE READING
S.a.n.b.a.e. [ Completed ]
Fanfictionစိတ်ကူးသက်သက်ဖန်တီးမှုဖြစ်ပါ၍ အမှားပါခဲ့လျှင် ခွင့်လွှတ်ပါ....💓