နေ့ခင်းကြောင်တောင် သရဲခြောက်တာမျိုးဆိုတာကို သူများပြောတာသာကြားဖူးခဲ့တာ။ ဒါတောင်သိပ်ယုံတာမဟုတ်ဘူး။ အခုတော့ အီထယ်ယုံးတစ်ယောက် နေ့ခင်းကြီးသရဲအခြောက်ခံနေရပြီ!!!
အိပ်ရာထထခြင်း မြင်လိုက်ရတဲ့ဘေးကတစ်ယောက်ကြောင့် ခေါင်းမွှေးတွေပါထောင်သွားပြီး လန့်ဖျတ်သွားမိသည်။
အကယ်၍မနေ့ကသာ မူးနေခဲ့မယ်ဆိုရင် မဟုတ်ကဟုတ်ကတွေလျှောက်တွေးနေမိလိမ့်မှာဖြစ်ပေမဲ့ မနေ့ကလည်းမမူး၊ အိမ်တံခါးတွေလည်း သေချာပိတ်ပြီးမှအိပ်တတ်တဲ့အကျင့်ကလည်း ကိုယ့်မှာရှိပြီးသား။ ဆိုတော့ ဒီနေရာမှာခပ်တည်တည်နဲ့ သူများဘေးလာကပ်အိပ်နေတဲ့သူက ဘယ်ကရောက်လာတာဖြစ်မလဲ။ သူ့မှာသာစူပါပါဝါမရှိရင် သူကသရဲမလို့လေ။
အမေရေ....အမေ့သား ချောချောလေးတော့ သရဲအခြောက်ခံနေရပါပြီ အီး...အီး။
''သရဲ သရဲ ...ကယ်ကြပါဦး သရဲကထလည်း မထသေးဘူး''
ပြောတုန်းဆိုတုန်း ခုတင်ပေါ်ကနေ တအီအီအသံနဲ့သူက လှုပ်လာသည်။ ဟိုကြည့် ဒီကြည့်နဲ့ လှုပ်လီလှုပ်လဲ့သရဲကြီးကို ဒီဘက်လှည့်မလာပါစေနဲ့ ဆုတောင်းရင်းအသံတိတ်အော်နေတာ သူကတော့မသိ။
အခန်းထဲကထွက်လို့လည်းမရဘူး။ စုတ်ပြတ်နေတဲ့ အခန်းတံခါးကို စိတ်ထဲကနေသာ ဆယ်ပေါင်တူနဲ့ အစိတ်စိတ်အမွှာမွှာဖြစ်အောင်ထုရိုက်နေမိတော့သည်။
''ဟိတ်လူကြီး ဘာဖြစ်နေတာလဲ ''
''သရဲ...သရဲ...''
''ဟင်!!!''
ဝုန်း!!!
အထိတ်အလန့်သူ့အော်သံကြားအပြီးမှာတော့ အနှီသရဲကောင်က အီထယ်ယုံးလေးရှိရာကိုဝုန်းခနဲလာဖက်တာနဲ့ ယုံးယုံးလေးထိုင်နေတဲ့ ခုံလေးက ဝုန်းခနဲလဲကျတော့တာပဲ။
''အာာားးး ဖယ် ဖယ် ငါ့ပေါ်ကဖယ်!!''
စောင်လုံးလုံးကြီးကိုတွန်းဖယ်လိုက်ရင်း မော့ကြည့်မိတော့!!!
YOU ARE READING
Is He Ghost!
FanfictionRead it at your own risk lol ဟက်ပီးဟောလ်လဝင်းဆိုပြီး လုပ်တာပဲ! ရေးလိုက်မှ တစ်လွဲတွေဘာတွေဖြစ်သွားတာတော့ မသိတော့ပါဘူး!!