It's

2.4K 119 2
                                    

Zawgyi

*သိလား xing မနှစ်​ကထက်​ ဒီနှစ်​နှင်းပိုကျ
တယ်​....ဆိုးလ်​မှာ နှင်းမုန်​တိုင်းဖြစ်​လာနိုင်
ခြေရှိတယ်​လို့ မ​နေ့က မိုး​လေ၀သ သတင်း
မှာ ကျွန်​​တော်​ကြားလိုက်​တယ်​.....

အိမ်​အပြင်​ဘက်​လမ်းမဆီက နှင်းထုကြီးကို
ကြည့်​ကာ xingလက်​ထဲ ​ကော်​ဖီပူပူ​လေး
သေချာထည့်​​ပေးလိုက်​သည်​....

*အား...​ကောင်းလိုက်​တာ junရယ်​ ရာသီ
ဥတု​အေး​အေးမှာ ဒီလို​ကော်​ဖီပူပူ​သောက်
ရတာ ဘယ်​​တောင်​​ကောင်းလိုက်​သလဲ....

အ​ငွေ့တလူလူထွက်​​နေသည့်​ ​ကော်​ဖီခွက်​ထဲ
အနည်းငယ်​​လေမှုတ်​ထဲ့ရင်း ​ပြောလာ​လေ
သည်​.....

*လည်​စည်းကိုချွတ်​မထားနဲ့​လေ xing...
အေး​နေတာကို သိပ်​ဆိုးတာပဲ.....

ဆိုဖာ​ပေါ်အပုံလိုက်​​လေးတင်​ထားသည့်
လည်​စည်း​လေးယူကာ xingလည်​ပင်းအား
ပတ်​​ပေးရင်း နှဖူးပြင်​ကို ခပ်​ဖွဖွနမ်းလိုက်
သည်​....

Xingက​တော့ ပါးချိုင့်​​လေး​ပေါ်ကာ ပြုံး​လေ
သည်​.....

*ည​နေကျရင်​ လမ်းထိပ်​က ပန်းခြံ​လေးမှာ
သွားထိုင်​ရ​အောင်​လား jun....

*ဟာ....ဘာလုပ်​မလို့လဲ xingရလည်း...
အေးက​အေးနဲ့...မနက်​ဖြန်​ xing​မေ​မေရဲ့
နှစ်​ပတ်​လည်​​လေ...xingပဲ ​စော​စောထပြီး
xing​မေ​မေရဲ့​မြေပုံဆီ သွားချင်​တယ်​ဆို......

*အင်း...ဟုတ်​သားပဲ...ဒါဆို​စော​စော
အိပ်​ရမယ်​.....

Xingအားjunပြုံး​နေရင်းပဲ ကြည့်​​နေလိုက်
သည်​.....

*ကိုယ့်​နားကိုလာအုံး jun....

Xingက သူ့​ဘေးဘက်​ ဆိုဖာ​ပေါ်အား
ပုတ်​ပြသည်​မို့ (နဂိုထိုင်​​နေသည့်​) အနည်း
ငယ်​အလှမ်း​ဝေးသည့်​ ​နေရာမှထကာxing
ဘေး သွားထိုင်​လိုက်​သည်​.....

လက်​ထဲက​ကော်​ဖီခွက်​​လေးအား ချလိုက်​ပြီး
Xingက သူ့​​​ပေါင်​​ပေါ်ထပ်​၍ပုတ်​ပြ​လေသည်​..

*မင်းနှုတ်​ခမ်း​တွေကို ကိုယ်​လွမ်းတယ်​​လေ
က​လေးရဲ့.....

It's Still A Dark Night [Complete]XingHoWhere stories live. Discover now