"ပါးပါး "
သူ့ကိုမြင်သည်နှင့်Kevin နောက်ကျောဖက်တွင် တိုးကပ်ရင်း ပုခုံးစွန်းကနေမဝံ့မရဲကြည့်လာသည့် တရုတ်အနွယ်ဝင်ကလေးငယ်ငယ်ကိုကြည့်ရင်း Taeyong ခပ်ရွဲ့ရွဲ့ပြုံးမိသည်။ထိုကလေးငယ်ဟာလည်းKevinလက်မောင်းကို ပို၍မလွတ်တမ်းဆုပ်ကိုင်လာသလိုပင်။
"ပါး...ရှင်းရှင်း အိမ်ပြန်ချင်တယ်"
တကယ်အမှန်ဆို မင်းရဲ့ပါးပါးက မင်းအတွက်ပိုအန္တရယ်ရှိတာ လူသားလေး။
"အင်း...ပါးနဲ့ဦးဦးနဲ့ အလုပ်အကြောင်းဆွေးနွေးပြီးရင်ပြန်ရမယ်နော်"
ကလေးရယ်မို့ စိတ်မကျေနပ်ကြောင်း ပေါ်လွင်အောင်မပြတက်သေးပေမယ့် မျက်နှာအစ်အစ်ဟာ စူကာပုပ်ကာနှင့် သဘောမကျသည်မှာအထင်အရှား။
"မင်းရဲ့vitaminလေးလား ၊ပထမဆုံးရောဟုတ်မှဟုတ်ရဲ့လားဟေ့ကောင်ရ ကြက်သီးထတယ်"
"အပြောဆင်ခြင်စမ်းပါဟိတ်ကောင်ရ ! ရှင်းရှင်း ဒန်းလေးစီးပြီးခဏစောင့်မလား ၊ဟိုနားမှာလေ ပါးလှမ်းကြည့်နေမယ် သွားနော်"
"ဟုတ်"
မသိတက်သေးသည့်အရွယ်ပီပီ ရွက်ကြွေပင်တွေအောက်နားကကြိုးဒန်းပေါ်မှာရယ်လွင်လွင်။ အရှေ့တိုင်းသားဆန်လွန်းတဲ့အသားအရောင်ဟာ ရွက်ဝါတွေရယ် ဆည်းဆာချိန်နှင့်အတူ တောက်ပနေသည်။
"အရင် ငါတို့အရင်ကသူတွေ ဘယ်လိုဖြစ်သွားလဲ သိတယ်မလား Kevin"
"သိတယ်...သူကငါ့ရှေ့တည့်တည့်ရောက်လာခဲ့တာအကူအညီပါတောင်းခဲ့တာမို့ ငြင်းလို့မရတာမင်းသိသားပဲ ၊ ဘာပဲဖြစ်ဖြစ် ငါရွေးချယ်ပြီးသွားတဲ့ကလေးမလား ...ငါ့အနာဂတ်ကိုမှကြိုမသိနိုင်ပဲ"
"အင်း...အကောင်းဆုံးစောင့်ရှောက်ပေးရမှာပဲမလား သတိထားပေါ့ကွာ"
ရှင်သန်ခွင့်ကိုယူ၍ နေထိုင်ခွင့်ကိုမျှခဲ့သောကလေးငယ်ကတော့ ဆန့်ကျင်စွာ အပူပင်မဲ့လျက်။
YOU ARE READING
Demon
ParanormalWhat need to sacrifice to fulfill wishes. တစ်စုံတစ်ခုကိုလိုချင်ရင် တန်ဖိုးကြီးတာတစ်ခုပစ်ချခဲ့တက်ရတယ်...ဆန္ဒတွေတကယ်ဖြစ်လားမလား ...ဆုတောင်းကြည့်ရအောင်...ဆုတောင်းဖြည့်သူဟာ ဘုရားသခင်၊ဖန်ဆင်းရှင်၊နတ်ဘုရားတွေမဟုတ်တာလည်း ဖြစ်နု...