" ခင်ဗျားမှ ကျွန်တော့်ကို မချစ်ပဲ..... "
KyungSoo ရဲ့စကားကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးမိသွား
တဲ့ Kai... လူရှင်းနေတဲ့ ပန်းခြံထဲက ခုံတန်းလေးပေါ်မှာ
ထိုင်နေခဲ့တာနာရီ အတော်ကြာပြီ အခု ပြောလိုက်တဲ့ စကားက စထိုင်ကတည်းကအခုထိ KyungSoo ရဲ့
လေးကြိမ်မြောက်ပြန်လည်ချေပတဲ့စကား....နဂိုကတည်း
က မရှည်တဲ့စိတ်ကလဲ တိုသည်ထက်တိုလာပြီ...." ကဲ Do Kyung Soo မင်း ဒီနေ့ စကားပြောလို့ ရော ပြီးဦးမှာလား.... မင်းဖြစ်ချင်တာက ဘာလဲ....."
" ဘာလဲ..... ခင်ဗျားက အခုတော့ ကျွန်တော့်ကိုစိတ်မ
ရှည်နိုင်တော့ဘူးပေါ့..... ဟုတ်လားKim JongIn..."KyungSoo ရဲ့အမေးကို ကျွန်တော် အဖြေမပေးပဲနှုတ်
ဆိတ်နေတော့အလိုမကျစွာတစ်ဖက်လှည့်သွားပြန်သည်။
စိတ်ကောက်သွားပြန်ပြီပေါ့...။ သတိထားစမ်းပါ Kim
JongIn မင်းကနှုတ်ဆိတ်နေတာအကောင်းဆုံးပဲ စကား
ပြော အဆင်မပြေရတဲ့အထဲ စိတ်ကလက်တစ်ဆစ်... စ
ကားသုံးခွန်းမပြည့်ခင် ရန်ထဖြစ်ရတဲ့ ရက်ကများနေတော့
ဒီလိုပုံနဲ့ ဘယ်လိုရှေ့ဆက်ကြမလဲ...." ကျွန်တော် အစကတည်းက သိပြီးသား ခင်ဗျား ချစ်သူ
လောက် ခင်ဗျား ကျွန်တော့်ကို မချစ်ဘူးဆိုတာ..... "ကျွန်တော့် နှာမှုတ်သံက ပိုကျယ်လောင်နေလိမ့်မယ်ထင်
ပါရဲ့..ဘာလို့လဲဆိုတော့ ဒီစကားက ကျွန်တော့်အတွက်
တကယ် ကသိကအောက် အဖြစ်ဆုံးစကား....." မင်း လွန်လာပြီ Kyung Soo..... မဆိုင်တဲ့လူ ကို
ဆွဲမထည့်နဲ့လေကွာ..... "" ဘာလဲ.... ခင်ဗျားချစ်သူ ထိတော့နာတာလား... "
" ကိုယ့်မှာ ချစ်သူရှိပြီးသားဆိုတာ မင်းမသိခဧ့လို့လား
..... ကိုယ်မင်းကို လိမ်ညာပြီးတွဲခဲ့သလား....... "" ဟုတ်ပါတယ်...... ခင်ဗျားမညာပါဘူး..... ကျွန်တော်
ကပဲ အရမ်းချစ်လွန်းလို့ ရူးခဲ့မိတာ..... ခင်ဗျား ဘာပြော
ပြော ယုံနေခဲ့မိတာ.... ခင်ဗျား ဘာလုပ်လုပ် အပြစ်မမြင်ခဲ့မိတာ..... "" ကိုယ် ဘာပြောပြော ယုံတယ်ပြောရအောင် ကိုယ်မင်းကို ညာခဲ့တာရှိလို့လား.... ဘာလို့ပြဿနာဖြစ်တိုင်းမဆိုင်
တဲ့လူကို ဆွဲထည့်နေတာလဲ.... ပြီးတော့ ကိုယ်ကရော မဟုတ်တာ ဘာများလုပ်နေလို့လဲ..... တွေ့သမျှလူနဲ့ အီစီ
ကလီ လုပ်နေတာမြင်နေရလို့လား..... အချိန်ကုန်ခံပြီး
ဘာလုပ်ဖို့လဲ..... ကိုယ် ကစားဖို့ အချိန်မရှိဘူး KyungSoo.... "