ထိုက်တန်တဲ့အချစ်

164 16 5
                                    

" ခင်ဗျားမှ ကျွန်တော့်ကို မချစ်ပဲ..... "

KyungSoo ရဲ့စကားကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးမိသွား
တဲ့ Kai... လူရှင်းနေတဲ့ ပန်းခြံထဲက ခုံတန်းလေးပေါ်မှာ
ထိုင်နေခဲ့တာနာရီ အတော်ကြာပြီ အခု ပြောလိုက်တဲ့ စကားက စထိုင်ကတည်းကအခုထိ KyungSoo ရဲ့
လေးကြိမ်မြောက်ပြန်လည်ချေပတဲ့စကား....နဂိုကတည်း
က မရှည်တဲ့စိတ်ကလဲ တိုသည်ထက်တိုလာပြီ....

" ကဲ Do Kyung Soo မင်း ဒီနေ့ စကားပြောလို့ ရော ပြီးဦးမှာလား....  မင်းဖြစ်ချင်တာက ဘာလဲ....."

" ဘာလဲ.....  ခင်ဗျားက အခုတော့ ကျွန်တော့်ကိုစိတ်မ
ရှည်နိုင်တော့ဘူးပေါ့.....  ဟုတ်လားKim JongIn..."

KyungSoo ရဲ့အမေးကို ကျွန်တော် အဖြေမပေးပဲနှုတ်
ဆိတ်နေတော့အလိုမကျစွာတစ်ဖက်လှည့်သွားပြန်သည်။
စိတ်ကောက်သွားပြန်ပြီပေါ့...။ သတိထားစမ်းပါ Kim
JongIn မင်းကနှုတ်ဆိတ်နေတာအကောင်းဆုံးပဲ စကား
ပြော အဆင်မပြေရတဲ့အထဲ စိတ်ကလက်တစ်ဆစ်... စ
ကားသုံးခွန်းမပြည့်ခင် ရန်ထဖြစ်ရတဲ့ ရက်ကများနေတော့
ဒီလိုပုံနဲ့ ဘယ်လိုရှေ့ဆက်ကြမလဲ....

" ကျွန်တော် အစကတည်းက သိပြီးသား ခင်ဗျား ချစ်သူ
လောက် ခင်ဗျား ကျွန်တော့်ကို မချစ်ဘူးဆိုတာ..... "

ကျွန်တော့် နှာမှုတ်သံက ပိုကျယ်လောင်နေလိမ့်မယ်ထင်
ပါရဲ့..ဘာလို့လဲဆိုတော့ ဒီစကားက ကျွန်တော့်အတွက်
တကယ် ကသိကအောက် အဖြစ်ဆုံးစကား.....

" မင်း လွန်လာပြီ Kyung Soo.....  မဆိုင်တဲ့လူ ကို
ဆွဲမထည့်နဲ့လေကွာ..... "

" ဘာလဲ.... ခင်ဗျားချစ်သူ ထိတော့နာတာလား... "

" ကိုယ့်မှာ ချစ်သူရှိပြီးသားဆိုတာ မင်းမသိခဧ့လို့လား
..... ကိုယ်မင်းကို လိမ်ညာပြီးတွဲခဲ့သလား....... "

" ဟုတ်ပါတယ်......  ခင်ဗျားမညာပါဘူး.....  ကျွန်တော်
ကပဲ အရမ်းချစ်လွန်းလို့ ရူးခဲ့မိတာ.....  ခင်ဗျား ဘာပြော
ပြော ယုံနေခဲ့မိတာ.... ခင်ဗျား ဘာလုပ်လုပ် အပြစ်မမြင်ခဲ့မိတာ..... "

" ကိုယ် ဘာပြောပြော ယုံတယ်ပြောရအောင် ကိုယ်မင်းကို ညာခဲ့တာရှိလို့လား....  ဘာလို့ပြဿနာဖြစ်တိုင်းမဆိုင်
တဲ့လူကို ဆွဲထည့်နေတာလဲ.... ပြီးတော့ ကိုယ်ကရော မဟုတ်တာ ဘာများလုပ်နေလို့လဲ.....  တွေ့သမျှလူနဲ့ အီစီ
ကလီ လုပ်နေတာမြင်နေရလို့လား..... အချိန်ကုန်ခံပြီး
ဘာလုပ်ဖို့လဲ.....  ကိုယ် ကစားဖို့ အချိန်မရှိဘူး KyungSoo.... "

ထိုက်တန်တဲ့အချစ်Where stories live. Discover now