The Final

272 36 9
                                    

ပြတင်းမှန်ပေါ်မှာ မိုးစက်လေးတွေက ဖြည်းဖြည်းချင်း စီးကျနေတယ် ... ။

အခန်းတံခါးတွေ ပိတ်ထားလို့ တစ်ခန်းလုံး လေတိုးစရာအပေါက်မရှိပေမယ့် တဖြည်းဖြည်းချင်း အေးစိမ့်လာမှုကြောင့် အနွေးထည် ခပ်ပါးပါးတစ်ထည်ကို ထပ်ဝတ်လိုက်ရတယ် ... ။

ခေါင်မိုးနဲ့ မိုးစက်လေးတွေ ရိုက်မိသံ တဖြောက်ဖြောက်ကို ကြားရတာက ဘာကြောင့်မှန်းမသိ ဝမ်းနည်းစရာသိပ်ကောင်းနေတယ် .. နားထောင်ကောင်းတယ်ဆိုတဲ့အချက်လည်း ထည့်ပေါင်းရမယ် .. ။

ဒီမိုးက ဆေးရုံဆင်းပြီးတည်းက ပထမဆုံးရွာတဲ့မိုးပဲ ။

မိုးရွာတာကို မနှစ်ခြိုက်သလို မိုးစက်တွေကိုလည်း မချစ်တတ်ဘူး ..
ဒါပေမယ့် မိုးစက်တွေကျနေတာက အခုတော့ ကြည့်ကောင်းနေပြန်တယ် ..
ဒါကြောင့်ပဲ စာကြည့်စားပွဲ မျက်နှာမူထားတဲ့ ပြတင်းပေါက်ကို အချိန်အကြာကြီး ကြည့်မိတယ် .. ။

တစ်ချက်ချက် လျှပ်စီးကြောင့် လင်းလက်သွားတဲ့ ကောင်းကင်ရယ် ..
ကြောက်စရာကောင်းပေမယ့် မတုန်လှုပ်စေနိုင်တော့တဲ့ မိုးခြိမ်းသံတွေရယ် ..
ခပ်မှိုင်းမှိုင်းအခြေအနေမှာ ကြည်လင်နေတဲ့ မိုးစက်တွေရယ်က .. တစ်စုံတစ်ယောက်ကို သတိရစေတယ် .. ထင်ပါတယ် .. ။

တစ်စုံတစ်ယောက်က ဘယ်သူလဲ ...
ကိုယ်ကိုယ်တိုင် လွမ်းဆွတ်နေမိခဲ့တဲ့
အဲဒီတစ်စုံတစ်ယောက်က ဘယ်သူလဲ ... ။

အဲ့တစ်စုံတစ်ယောက်က ...
ကိုယ့်ကိုကိုယ်ပဲလို့ ကောက်ချက်ချမိလိုက်တယ် .. ။

ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေခဲ့တာ ဘယ်လောက်ကြာပြီလဲ .. ။
တစ်လလား၊ နှစ်လလား၊ သုံးလလား .. ။

ဟင့်အင်း .. အဲ့ကာလတွေရဲ့ အရင့်အရင်ကတည်းက ကိုယ့်ကိုကိုယ် ပျောက်ဆုံးနေခဲ့တာလည်း ဖြစ်နိုင်တယ် .. ဘယ်အရာကမှ သေချာမနေဘူး .. ။
ဝေဝါးနေတယ် .. ငါကဘယ်သူလဲ .. အကြိမ်ကြိမ် မေးခွန်းထုတ်နေရတဲ့ ဒီဘဝမှာ မနေချင်တော့ဘူး .. ။

ခန္ဓာကိုယ်မှာ မကောင်းဆိုးဝါးတစ်ကောင်က ကပ်နေပြီး အင်အားတွေကို စုပ်ယူနေသလိုမျိုးပဲ .. ကိုယ့်ကိုကိုယ် မသိခြင်းက ထင်ထားတာပိုပြီး နာကျင်ရတယ် ..၊ ခံရခက်တယ် ..၊၊ အသက်ရှိနေပါလျက် ကိုယ့်ကိုကိုယ် ဘယ်သူမှန်း မသိတော့တဲ့အခါ ရှိချင်စိတ်၊ဖြစ်ချင်စိတ်၊သိချင်စိတ် ..၊ စိတ်နဲ့ပတ်သက်တဲ့အရာအားလုံး အမှောင်ကျပြီး အထီးကျန်ရတယ်..၊ အားငယ်ရတယ် ..၊ ကြောက်ရွံ့ရတယ် .. ။

Thunder CloudsWo Geschichten leben. Entdecke jetzt