ဘာကြောင့်မချစ်တော့တာလဲ

11.1K 1.1K 48
                                    

Zawgyi

     ဘယ်သူ့မှကိုအတွေ့မခံတော့တဲ့ Jimin အဲ့နေ့ကသူအတော်လေးလျှော့ရသွားခဲ့တယ်။ပါးစပ်ကဘာမှမဖြစ်ပါဘူးစကားဆိုနေပေမဲ့ သူ့ရဲ့ရင်ထဲမှဘယ်လောက်တောင်ဒဏ်ရာတွေများနေမလဲ

အထူးသဖြင့်သူ့ကိုချစ်တဲ့ fans တွေ...
members တွေအကုန်လုံးကအကုန်ဂရုစိုက်ပြပေမဲ့ အပြုံးတုသာဖြစ်နေတဲ့ jimin

ဒီခြေထောက်တွေကထပ်ပြီးလှုပ်ရှားခွင့်ရနိုင်ပါ့မလား ထပ်ပြီး ... ထပ်ပြီး.....
ခေါင်းထဲဝင်လာတဲ့တစ်သီတတန်းဖြစ်နေတဲ့ကိစ္စတွေ နားထဲကြားယောင်နေတဲ့ နတ်ဆိုးအသံ၊jungkookie ရဲ့အကြောင်းတွေ....

အဲ့နေ့ကလဲပါးမှာဖူးရောင်နေတဲ့ဒဏ်ရာက taehyungie လုပ်လိုက်တယ်ဆိုတာသိရတဲ့အချိန် ကျတော်ဟာကိုယ့်ဒဏ်ရာထက် ကမ္ဘာပြိုမတတ်အောင် ဖြစ်ခဲ့ရတယ်

သိပ်ချစ်ရတဲ့သူကို အခုလိုလုပ်ကြတော့ကျတော်ကပိုပြီးခံစားရစေတယ်ဆိုတာသူတို့မသိဘူးလား

ပြတင်းပေါက်ကလာတဲ့လေညှင်းကိုအသာတကြည်ခံရင်း ခေါင်းထဲဝင်လာတဲ့အသံက
သူ့ကိုမချစ်ဖို့ပြောတဲ့နေတဲ့စကား...

ဟင့်အင်း မလုပ်နိုင်ဘူး လုပ်နိုင်မယ်မထင်ဘူး သူ့ကိုမှမချစ်ရင်သေသွားရမယ်ထင်တယ်။
ဟင့်အင်း ငါမလုပ်နိုင်ဘူး

"hyung...."

အနောက်ကနေချိုသာတဲ့သူ့ရဲ့အသံ

"ကျတော်..ပြောစရာရှိလို့"

ကျတော်သူ့ကိုကျောခိုင်းထားတာကြောင့်သူ့ကကျတော်နားကိုလာပြီးကျတော့်ရဲ့မျက်ဝန်းတွေကြည့်နေသော်လည်းကျတော်ရှောင်ဖယ်လိုက်သည်။

ငါ့ကိုသနားတဲ့မျက်ဝန်းတွေနဲ့ကြည့်နေမယ်ဆိုအခုပြန်လိုက်ပါ jungkookieရယ်

"hyung...."

မင်းပြောလိုက်တော့ ငါမင်းကိုမချစ်ဘူး

မင်းကဒီလိုဖြစ်နေတာမင်းချစ်သင့်လားသူ့ကို

ငါပြောနိုင်မယ်မထင်ဘူး...

မင်းပြောရမယ်...

"ငါအရင်ပြောမယ် jungkook"

"..."

"ငါမင်းကိုမချစ်တော့ဘူး jungkookie"

"ဗျာ!"

တိတ်ဆိတ်မှုတွေကိုပိုမိုခြောက်ခြားအောင်လုပ်လိုက်တဲ့လေပြေ။
ကျတော့်ကိုမချစ်တော့ဘူးလို့ ရဲရဲကြီးပြောလာတဲ့သူ့နှုတ်ခမ်း။

EffectМесто, где живут истории. Откройте их для себя