Imagine #1 :Slow dancing
Shen Weiနဲ့ Yun Lanတို့နှစ်ဦး ပွေ့ဖက်
နေကြပြီး slow dance ကနေခဲ့သည်။
Yun Lanက ကကွက်ကိုအရင်စခဲ့ခြင်းဖြစ်သည်။
Shen Weiထိုင်းမှိုင်းနေတာကို တွေ့သွားပြီး..
သူ့ရဲ့ Wei Weiလေးကို အားတက်စေဖို့အတွက်
slow danceကိုအတူတူကဖို့ကြိုးပမ်းတော့သည်။
သူက သီချင်းဖွင့်လိုက်ပြီး Shen Weiလက်ကို
ဆွဲယူကာ သူနဲ့အတူကဖို့လုပ်ပေမယ့် Shen Wei
က ရှက်ပြီး ရုန်းဖို့လုပ်သည် ။ဒါပေမယ့်
Yun Lanက သူ့ကိုတင်းကြပ်စွာဖက်ထားခဲ့သော
ကြောင့် ရုန်းလို့်မရခဲ့ပေ ။Yun Lanသူ့ကို
အလွယ်တကူလွှတ်ပေးမှာ မဟုတ်မှန်းသိတဲ့အတွက်
Shen Weiကပဲ အလျော့ပေးလိုက်ရသည်။
ရိုးရိုးသားသားပြောရရင် ထင်ထားတာထက်ကိုပိုပြီး
ဒီလိုကနေရတာကို Shen Wei နှစ်သက်လာ
မိသည်။ ပြီးတော့ သူ့ရဲ့ရင်ဘတ်နားကနေ
Yun Lan ရဲ့စည်းချက်ကျကျနှလုံးခုန်သံကို
ခံစားမိပြီး ဒီလိုခန္တာကိုယ်ချင်းနီးကပ်စွာရှိနေရတာကို
Shen Wei တစ်ယောက် သဘောအကျကြီး
ကျနေခဲ့မိသည်။ အဲဒီနောက်ပိုင်းကစပြီးတော့
တစ်ယောက်က စိတ်ညစ်နေပြီဆိုရင်..နောက်
တစ်ယောက်ကနေပြီး စတင်ကာ စိတ်ညစ်မှုတွေ
အကုန်ပျောက်တဲ့အထိslow danceကို
ကကြတော့သည်။Imagine #2 : Shen Wei's
Embarrassed SmileShen Wei အံသြရင်ဖြစ်သွားတတ်တဲ့
သိမ်မွေ့ပြီးအနည်းငယ် ရှက်သွေးဖြာနေတဲ့
အပြုံးလေးကို yun Lanမြတ်နိုးသည်။
Shen Weiရဲ့ အဲလိုအပြုံးကိုမြင်လိုက်တိုင်းမှာ
သူ့နှလုံးသားက တစ်ချက်ခုန်သွားပြီးနောက်
ရပ်တန့်သွားသလိုပင် ။ အဲဒီအပြုံးလေးကို
ဖြတ်ခနဲမြင်ရဖို့အတွက် SIDဌာနရဲ့အကြီးအကဲက
အစွမ်းကုန်ကို ကြိုးစားလေ့ရှိသည်။ Shen Wei
အတွက် ရံဖန်ရံခါ ကြုံရင်ကြုံသလိုလက်ဆောင်တွေ
ဝယ်လာလေ့ရှိသည် (Shen Weiက ခဏခဏ
ဝယ်မလာဖို့ပြောပေမယ့်လည်းပေါ့) ။ဒါမှမဟုတ်
ပွင့်ဖူးနေတဲ့ ပန်းတွေရဲ့ကြားမှာ...ဆောင်းဦးရဲ့
သစ်ရွက်ကြွေတွေကြားမှာ...ကျဆင်းနေတဲ့ နှင်းတွေ
ရဲ့ကြားထဲမှာ အချိန်အကြာကြီး အပန်းဖြေ
လမ်းလျှောက်ဖို့ခေါ်သွားတတ်သည် ။ဒါမှမဟုတ်
Shen weiအတန်းနားတဲ့အချိန်တွေမှာ
စားစရာတွေနဲ့ ရောက်ချသွားတာပဲဖြစ်ဖြစ်
လုပ်လေ့ရှိသည် ။ ဒါပေမယ့် အများဆုံးကတော့
သူတို့နှစ်ယောက်တည်း တူတူရှိနေတဲ့အချိန်တွေဆို
ရင် ပရော်ဖက်ဆာလုံးဝမျှော်လင့်မထားတဲ့အချိန်
Yun Lanက Shen Weiရဲ့ နဖူးနဲ့ ပါးပြင်တွေ
ကို အလစ်သုတ်ပြီးတော့ နမ်းတာပဲဖြစ်သည် ။
Shen Weiရဲ့ နားနဲ့ ပါးလေးတွေက အနည်းငယ်
ရဲသွားတတ်ပေမယ့်လည်း Yun Lanချစ်မြတ်နိုး
ရတဲ့ သိမ်မွေ့ပြီး ကြင်နာတဲ့အပြုံးလေးကတော့
ရှိနေဆဲပင်ဖြစ်သည် ။Imagine#3:Angry Shen Wei
Yun Lanလုပ်ခဲ့တဲ့ တစ်စုံတစ်ရာကို စိတ်ဆိုးနေတဲ့Shen Weiက မယုံကြည်နိုင်လောက်အောင်ကို
ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတာကို Yun Lan
ရှာတွေ့ခဲ့သည် ။ (မယုံကြည်နိုင်အောင်လည်း
ကြောက်ဖို့ကောင်းပေမယ့် အဲတာကသက်သက်ပါ၊
အဓိကအချက်က သူ့Shen Weiတစ်ယောက်
တည်းကသာ ကြောက်ဖို့ကောင်းတာရော..ချစ်စရာ
ကောင်းတာရော ဆွဲဆောင်မှုရှိတာပါ
တစ်ချိန်တည်းဖြစ်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။
ဒါကြောင့် တစ်ခါက Shen Weiဒေါသထွက်
အောင်အန္တရာယ်ရှိတဲ့ အလုပ်တစ်ခုကိုYun Lan
လုပ်ခဲ့သည်။အဲတာက Shen Weiကို ရူးမတတ်
ဖြစ်သွားစေခဲ့ပြီးသူ့ရဲ့ (Ghost slayer)
ဝိညာဉ်စီရင်သူဘက်ခြမ်းနိုးထလာကာYun Lan
ကို မဆင်မခြင်အော်လိုက်မိစေခဲ့သည် ။ဒါပေမယ့်
အဲနေ့အကုန်မှာတော့ကျီစယ်တတ်တဲ့ Yun Lanကို
Shen Wei ပြန်ပြီးခွင့်လွှတ်ပေးလိုက်ရသည်။
ဘယ်လိုလုပ်ပြီး စိတ်တိုစရာကောင်းတဲ့ သူ့ရဲ့
လူကြီးပေါက်စလေးကို စိတ်ဆိုးနိုင်ပါ့မလဲ ။
*Characters are created by the
author of the Guardian:Priest.*Credits to the artists /owners of
the picture .
YOU ARE READING
Guardian: Little things
RomanceShen Wei နဲ့ Zhao Yun Lanတို့နှစ်ယောက်လုံးကို ချစ်လွန်းလို့ Author @YumeAiO က Guardianအပေါ်အခြေခံပြီးရေးထားတဲ့ ဒီအချက် လေးတွေကို ဘာသာပြန်လိုက်ရခြင်းပါ ။ ဒီထဲက အကြောင်းအရာတွေ.. ပုံတွေအားလုံးအတွက် မူရင်း Author @ YumeAiOနဲ့ သက်ဆိုင်တဲ့သူအားလုံးကိုcred...