အပိုင်း_၁၀

4.6K 284 17
                                    

'ပြီးပြီလား...?'

'အင်း...!'

'ဒါဆိုထွက်​ကြမယ်​....ဒါမှ​စော​စော​ရောက်​မှာ....'

အက္ခရာစကားကို ပန်း​ခေါင်းညိမ့်​ပြလိုက်​ကာ လိုအပ်​တာ​တွေထည့်​ထားတဲ့ ​ကျောပိုးအိတ်​​လေးကိုလွယ်​လိုက်​ပြီး အက္ခရာ​နောက်​မှလိုက်​ခဲ့သည်​။

သူမတို့ရဲ့​ရှေ့​နောက်​မှလည်း အက္ခရာကိုယ်​ရံ​တော်​​တွေကထပ်​ကြပ်​မကွာလိုက်​​နေကြ​လေသည်​။ ခုသူမ
တို့ အက္ခရာပိုင်​တဲ့ကျွန်းတစ်​ခုကိုသွား​နေကြခြင်းဖြစ်
သည်​။ ထိုကျွန်းတွင်​ တစ်​ဖက်​​မှောင်​ခိုလုပ်​ငန်းနှင့်​အဆင်
မ​ပြေဖြစ်​ရာမှ​နောက်​ဆုံး တိုက်​ခိုက်​ကြရာခု အက္ခရာကို
အ​ရေး​ပေါ်​ခေါ်၍ ပန်းပါလိုက်​မည်​ဟုဆို​သော်​​ကြောင့်
အက္ခရာ​ခေါ်ခဲ့ခြင်းပင်​။

ပန်းအတွက်​စိတ်​ပူမိသည်​။ ဒါက ပန်းအတွက်​ပထမဆုံး
အ​တွေ့အကြုံဖြစ်​လိမ့်​မယ်​​လေ။ သူမက​တော့ အမြဲအ​တွေ့အကြံရှိ​နေ၍ ဘာမှမဖြစ်​​ပေမဲ့ ပန်းကိုစိတ်​မချ​ချေ။
သို့​သော်​လည်း ဒါက​နောက်​အတွက်​ပါ ပန်းကို​နေသား
ကျ​စေလိမ့်​မယ်​ဟု သူမထင်​မိသည်​။

လေ​ပေါ်မှအ​ခြေအ​နေမ​ကောင်း၍ သူမတို့​ရေ​အောက်​မှ
တိတ်​တဆိတ်​လာခဲ့ရသည်​။ အခုချိန်​မှာ သူမအတွက်​​တော့ ​မြေ​အောက်​​လောကပါ ပြင်​ပ​လောကမှာပါ အန္တရာယ်​​တွေချည်း။ အရင်​က သူမကိုဖမ်းမမိ၍ ​ဒေါသထွက်​​နေ​သောအရာရှိမယ်​လ်​က အခုတစ်​ခါလည်း
သက်​​သေ​တွေကိုအပြင်းအထန်​ရှာ​ဖွေကာ သူမကို
ဖမ်းမိရန်​ကြံ​စည်​​နေပြန်​​လေပြီ။

အက္ခရာကဘာမှဂရုမစိုက်​တက်​ဟုဆို​သော်​လည်း
သည်​တစ်​​ခေါက်​​တော့ သက်​​သေတစ်​ခုမှမရ​လေ​အောင်
ကြိုတင်​ပြင်​ဆင်​ထားရသည်​။ အရာရှိမယ်​လ်​က အနာ
ရှိ​နေတဲ့ကျားလိုဘဲ...ဘာကိုဘဲဖြစ်​ဖြစ်​ဆွဲကိုင်​ပြီး တိုက်​ခိုက်​လိမ့်​မယ်​။

'ဘာ​တွေဖြစ်​​နေတာလဲ....ငါကြည့်​​နေတာ...သက်​ပြင်း
ခဏခဏချ​နေတာဘဲ....'

ကိုယ်​ပိုင်​ယာဉ်​မို့သက်​​တောင့်​သက်​သာဖြစ်​လှသည်​။
မနီးမ​ဝေးမှာရှိ​သော လူများကလည်းမလှုပ်​မယှက်​ရပ်
နေကြ​လေသည်​။

စိတ္တဇအချစ်​  (စိတ်တ္တဇအချစ်)Where stories live. Discover now