အပိုင်း _ ၈(Unicode)

1.2K 90 1
                                    

'နိုးပြီလား....!'

'အား....!!လန့်လိုက်တာ.....'

နိုးလာသည်နှင့် မနက်ခင်းအတိုင်းလက်နှစ်ဖက်ကို
ဆန့်တန်းကာ သန်းနေတုန်းကြည်လင်ပြတ်သားသော
အသံကြောင့် လန့်ကာရင်ဘက်ကိုဖိပြီး အသက်ပြင်း
ပြင်းရှူလိုက်သည်။

အက္ခရာကတော့ဘာမှမထူးဆန်းသလို ပန်း၏ကုတင်နှင့်
မနီးမဝေးမှခုံတစ်လုံးပေါ်တွင်ခြေချိတ်ထိုင်ကာ ပန်းကိုကြည့်နေလေသည်။

'ရေသွားချိုးတော့....သွားစရာရှိတယ်......'

သူမလှည့်ထွက်သွားသည်မို့ပန်း ကုတင်ပေါ်မှဆင်း
ကာ ရေချိုးခန်းထဲဝင်ရန်ပြင်နေချိန် ပန်းဘက်လှည့်လာ
ကာ......

'အော်......!?တို့နှံ့နှံ့တွေနဲ့ ရင်ဘတ်ပေါ်တာတွေဝတ်မလာနဲ့နော်.....'

စကားအဆုံးအသံမြည်အောင်တမင်ပိတ်သွားသော
အခန်းတံခါးကြောင့် ပန်းအလန့်တကြားမျက်စိနိုပ်
လိုက်မိသည်။ ပြီးနောက် ဘာအမှားများလုပ်မိထားလဲ
ဟုစဉ်းစားရသေးသည်။

ဘာမှစဉ်းစားမရသည့်အဆုံး ခေါင်းကိုခါယမ်းလိုက်ကာ
ရေချိုးခန်းသာဝင်လိုက်တော့သည်။ ရေချိုးပြီးတော့
အဝတ်ဗီရိုကိုကြည့်လိုက်သည်နှင့် အက္ခရာစကားကို
ကြားယောင်လာကာ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်တို့ကိုသာဝတ်ဆင်ပြီး ခြေအိတ်အဖြူလေးကို
ဝတ်ကာ မကြာသေးခင်ကမှ သူမ မှာထားပေးသော
ဖိနပ်အပြာရောင်လေးအားစီးကာ ကြိုးကိုသေချာလေး
ချည်လိုက်သည်။

နှင်းဆီအက္ခရာ.. .....။ သိကြတဲ့အတိုင်း သူမမှာ
ပိုင်ဆိုင်တဲ့လုပ်ငန်းတွေနှင့် ချစ်ခင်ကြသူများသလို
မုန်းကြတဲ့သူတွေလည်းများသည်။ အခုလည်း
ဂျပန်ကလုပ်ငန်းတစ်ချို့က တိုက်ခိုက်မှုခံရပြီး ဆုံး
ရှူံးမှုတွေလည်းရှိလာမည့်အခြေအနေ။ နိုင်ငံအနံှံ့အပြား
ဖြန့်ကျတ်ထားသော လုပ်ငန်းများကို လူယုံတွေနှင့်သာ
လွဲထားပြီး အရေးပေါ်အခြေအနေမှ သူမ သွားတက်သည်။

သစ္စာရှိသောလူယုံများဖြစ်၍ တော်ရုံကိစ္စဆိုသူမ
ခေါင်းထဲထည့်စရာမလိုပေ။ အကုန်လုံးသိနေကြသည့်
ပုံစံကသူမဟာ Topစရင်းဝင် လူချမ်းသာ....။
သို့ပေမဲ့ သူမနောက်ကြောင်းမှပုံစံအစစ်အမှန်အား
ဘယ်သူမှမသိကြချေ။

စိတၱဇအခ်စ္​  (စိတ်တ္တဇအချစ်)Donde viven las historias. Descúbrelo ahora