Chapter 4

607 84 2
                                    


#Zawgyi


"ကလေးရေ ပူတူတူး အိမ်ပြန်မယ်"

ဘာလိုလိုနဲ့ အလုပ်လုပ်နေလိုက်တာ ည၇နာရီတောင်ရှိသွားပြီ ဟို ကြောင်ကြီးကျယ်လေး ကြည့်လိုက်တော့ အပီအပြင်ကို ငိုက်နေတော့တယ်

" သခင်လေး boss ပြန်တော့မှာလား"

"မင်း ငါ့ကို သခင်လေးဆို သခင်လေးပဲခေါ်
Bossဆိုboss လို့ပဲခေါ် မင်းဟာက ကြားလို့
မကောင်းဘူးကွ"

"ဟုတ်ကဲ့ပါ သခင်လေးလို့ပဲခေါ်ပါ့မယ်
ဒါနဲ့ အိမ်ပြန်တော့မှာလား"

"ငါ အခု ဘာလုပ်နေတာတွေ့လဲ"

"ဗျာ ! အဲ မတ်တပ်ရပ်နေတာလေ"

"အေး မတ်တပ်ရပ်နေတာ အိမ်ပြန်မလို့မဟုတ်လို့ ငါက အားအားယားယား မတ်တပ်ထပြီး ကနေရမှာလား"

စိတ်တွေလဲလေပါတယ် ကျွန်တော်ရဲ့ boss က
စိတ်မကြည်ရင် ဘာပြောပြောအထာကောက်တတ်တဲ့လူစား အောင်မယ် သူ အင်မတန့် အင်မတန် စိတ်ကြည်နေရင်တော့ လူကို ပြုံးဖြီးဖြီးနဲ့ စကားပြန်ပြောသေးတာ

ဒါပေမဲ့ အဲ့လို စကားကို ကောင်း"မွန်"ပြန်ပြောတာက ကျွန်တော် ယောက္ခမအိမ်ကို မိုးကြိုးပစ်ချမှာထက်တောင် အခွင့်အရေးကနည်းသေးတယ်။

"အဲ့ဒါဆိုလဲ ကောင်း"ပြန်ပါ သခင်လေး"

"အေး ကင်းမြီးထောက်ထောင်ပြီးပြန်ပါ စိတ်မပူနဲ့ ကြောင်ကို ဒီအိတ်ထဲ ပြန်ထည့် zip ကို နည်းနည်းဟထား တော်ကြာအသက်ရှူ ကျပ်နေဦးမယ် "

"ဟုတ်"

အော် ကင်းမြီးထောက်ထောင်ပြီးပါပြန်အုံးမှာတဲ့
Boss ဝတ်ထားတဲ့ အနောက်တိုင်း အကျီနဲ့ ကင်းမြီးထောက်ထောင်ရင်တော့ ရေလည်လန်းမှာဗျ တစ်ခါတစ်လေတော့ အဲ့လိုလေး မြင်ဖူးချင်စမ်းပါဘိ

"ခ်ခ်"

အနောက်ကနေ ရယ်သံကြားလို့ လှည့်ကြည့်လိုက်တော့ မျက်နှာချက်ချင်းကို ပြန်တည်သွားကာ
သတိအနေအထားနှင့် ရပ်နေသော ဂျီဆောင်း

သူရဲ့ အတွေးတွေကို boss မမြင်ပါစေနဲ့
လို့သာ ဆုတောင်းရင်း ဝေးကွာ သွားတဲ့ ကားလေးကို bye bye လုပ်လိုက်တယ်

Kitty BaeWhere stories live. Discover now