Part 1

261 22 5
                                    

"Jung Guk နဲ့ မပတ်သက်ပေးလို့ ရမလား Kim Tae Hyung shi"

အဆက်အစပ်မရှိသောစကား....... မနက်က ပြောစရာရှိလို့ coffee shop မှာတွေ့ကြရအောင်ပြောတဲ့ Jung Guk ရဲ့ ရည်းစား....

စစချင်း သူမပြောတဲ့ အဓိပ္ပါယ်ကို ကိုယ်နားမလည်မိ.....

"ဘာကို ဆိုလိုတာလဲ Lee Eun Hee shi"

"Jung Guk နဲ့ မပတ်သက်ပါနဲ့....ရှင် က Jung Guk ကို အတင်းလိုက်ကပ် သလိုဖြစ်နေတယ်... ရှင်း"ပြောရရင် သူများရည်းစားကို စနှိုက်ကြော်တယ်ဆိုတဲ့ သဘောပေါ့"

ကိုယ့်မာနကို ထိပါးလာတဲ့ သူမ ...... မိန်းမတစ်ယောက်နဲ့ မယှဉ်သင့်မှန်းသိပေမဲ့ ကိုယ့်မာန ကို ထိပါးလာရင်တော့ ဘယ်သူပဲဖြစ်" ဘယ်လိုပုဂ္ဂိုလ် ပဲ ဖြစ်နေပါစေ ခွင့်မလွှတ်ချင် ....

ဘောင်းဘီအိတ်ထဲက ဖုန်းကို သူမကော်ဖီငုံ့သောက်နေချိန် ထုတ်ပြီး voice recorder လေးကို နှိပ်. စားပွဲပေါ်တင်ပြီး ဟန်မပျက်နေလိုက်သည်.....Lock screen ခတ်လေ့မရှိတဲ့ ကိုယ့်အကျင့်ကိုတောင် ကျေးဇူးတင်မိလေသည်.... ပြီးတော့ "Sorry ပါ Lee Eun Hee"....ဒီကိစ္စကတော့ Jeon Jung Guk ကို ပြောမှဖြစ်မယ်......

"ဘာကိစ္စကြောင့် သူနဲ့ မပတ်သက်ခိုင်းရတာလဲ"

"ကျွန်မ ရှင့်မျက်လုံးထဲက Jung Guk အပေါ် ချစ်တဲ့စိတ်တွေကို ထပ်မြင်နေရတယ်"

အလာကြီးပါလား..... Jung Guk ရဲ့ ရည်းစားလုပ်ရမဲ့အစား ရှေ့ဖြစ်ဟောဆရာမတို့ ဗေဒင်ဆရာမတို့ လုပ်စားသင့်တာ ...

"ရှင် Jung Guk ကို ပြန်ချစ်နေတာလား....မလိမ်ပါနဲ့"

"ဟုတ်တယ်....သူ့ကို ချစ်တယ်....ဒါမဲ့ အခုတော့ မဟုတ်တော့ဘူး.....တစ်စုံတစ်ယောက်ကြောင့်...."

ကိုယ့် smirk ကို သူကြွေသွားဟန်တူပါရဲ့....

အရှိုက်ကိုထိသွားသော Lee Eun Hee...

သူမကြောင့် ကိုယ်နဲ့သူ့ရဲ့ Relationship ကြီးက ပျက်စီးသွားတာလေ...... သာယာနေတဲ့ rs ဘဝထဲကို ကြီးမားတဲ့ လေမုန်တိုင်းက ဝင်သွားတာ..... Lee Eun Hee ဆိုတဲ့ လေမုန်တိုင်းမ.......

"ဘာပဲဖြစ်" သူ့မှာ ကျွန်မရှိနေပြီပဲ...ရှင် မပတ်သက်သင့်တော့ဘူး......"

"ပြီးတော့ ရှင်က ယောကျာ်းလေးလေ..Uni က လူတွေက တခြားသော အဓိပ္ပါယ်တွေပါဝင်တဲ့ မျက်လုံတွေနဲ့ကြည့်တာ ရှင် မကြိုက်ဘူးထင်တယ်.."

"တခြားသောအဓိပ္ပါယ်?...."

"ရှင့်ကို uni က လူတွေက စနှိုက်ကြော်တယ်လို့ပဲ မြင်နေကြတယ်"

ဝှတ်ထ်သည်ဖာခ့်....... Uni က လူတွေအကုန်လုံး သူနဲ့ကိုယ့်ရဲ့ relationship ကို လက်မခံတဲ့ မရှိ...... နှစ်ယောက်စလုံးက စာတော်တဲ့အပြင် လိမ္မာကြလို့ ဆရာ ဆရာမတွေကရော ကျောင်းသား ကျောင်းသူတွေရော သူတို့ကို ဆိုရင် ချစ်လိုက်ကြတာမှ ဖိန့်"တုန် .....နောက်မှ ကျောင်းပြောင်းလာပြီး ကိုယ့်ထံက သူ့ကို ယူသွားတဲ့ ထိုသူမကို တစ်ကျောင်းလုံးက တစ်ယောက်တစ်ချက် ခဲတစ်လုံးနဲ့ ထုရင် ခဲပိပြီးသေမဲ့ ကျော်မကောင်းကြားမကောင်း ဖြစ်ရပ်......

သူမပြောတဲ့ အမှန်တစ်ခုမှမပါပဲ လိမ်ပြောတဲ့ စကားတွေကို ယုံပေးလိုက်ပါမယ်....သနားလို့.....:)

ပြီးတော့ Jung Guk က သူနဲ့ပြတ်တဲ့နေ့က "ထွက်သွားပေးမယ်" လို့ကိုယ်က ပြောတော့ "မထွက်သွားပါနဲ့..သူငယ်ချင်းအဖြစ်နဲ့ နေပေးပါ"ပြောပြီး ဖက်ကာ တားနေတဲ့ ယုန်သူငယ်အကြောင်း မပြောတော့ပါဘူး..... ပြောလိုက်လို့ ဒေါသထွက်လွန်ပြီး ဂိသွားရင် ကိုယ့်အပြစ်မကင်း ဖြစ်နေမှာဆိုးလို့.......

"မင်း ကိုယ့်ရည်းစားကို မထိန်းသိမ်းတတ်ဘူးလား.... ယောကျာ်းတစ်ယောက်ကို ဒီလိုမျိုးတွေ လာပြောရတာ မင်းအတွက် သိက္ခာမကျဘူးလား.... မင်းပြောတဲ့ စနှိုက်ကြော်ဆိုတဲ့ သဘောက ဘာကိုဆိုလိုမှန်း ဘယ်သူ့ကို ရည်ညွှန်းရင် ပိုမှန်မလဲ ဆိုတာ မင်းအရင်တွေးတော သင့်တယ်...."

"Ah.... ပြီးတော့ ငါကယောကျာ်းတစ်ယောက်အတွက် ကိုယ့်ရဲ့ အရှက်သိက္ခာကို စွန့်ပြီး ယှဉ်မဲ့သူထဲမှာမပါဘူး....
Lee Eun Hee shi သွားလိုက်ပါအုံးမယ်....အလုပ်ကိစ္စလေးရှိသေးလို့"

voice recorder ကပိတ်ကာထွက်လာတော့ နောက်က ကျန်ခဲ့တဲ့ လေမုန်တိုင်းမ စွေ့"ပဲခုန်နေမလား..စွေ့စွေ့ ခုန်လွန်းလို့ ကြမ်းပေါက်ပဲ ကျွံကြသွားမလား မသိချင်တော့......

သူ့ကြောင့် အစွပ်အစွဲခံရသည့် အဖြစ်ကို သူသိအောင်တော့ သွားပြောရမည်....

Braveurself နော် Lee Eun Hee shi.......

ရေးလိုက်ပြန်ပါပြီနော်....အရေးအသားကတော့စုတ်မြဲ စုတ်ဆဲ စုတ်လတ္တံ့ပါ....စာမေးပွဲက မပြီးသေးပါဘူး.ပိတ်ရက်ရှိလို့သာ မနေနိုင်မထိုင်နိုင် ရေးမိတာပါ... အရင်လိုပဲ အရေးအသားမကောင်းမှုအတွက် 🙏









You've reached the end of published parts.

⏰ Last updated: Nov 20, 2018 ⏰

Add this story to your Library to get notified about new parts!

Kim Tae Hyung'sWhere stories live. Discover now