Part--1

3.7K 281 23
                                    

"Baekhyun မိုးလင်းပြီထတော့!!!
Byun Baekhyun!!!!!!!"

တိတ်ဆိတ်လွန်းလှတဲ့ရက်ကွက်ထဲ မနက်ခင်းရဲ့ သာယာနာပျော်ဖွယ်အသံလေးက ငလျင်လှုပ်မတတ်ထွက်ပေါ်လာရသည်။

ထိုအသံကရက်ကွက်ထဲကလူတွေအတွက်တော့အထူးအဆန်းမဟုတ်တော့....

လမ်းထိပ်အိမ်ကရက်ကွက်ကျော် Byun Baekhyun ကိုကျောင်းသွားဖို့ သူ့အကို Kris နှိုးနေတဲ့အသံပင်။

လော်စပီကာထက်ကျယ်တဲ့အသံပိုင်ရှင်ကိုပြပါဆိုရင်
ထိုလူသားကိုသာညွှန်ပြရပေလိမ့်မည်။

ရက်ကွက်ကျော်ဆိုလို့ နာမည်ကြီး cele တစ်ယောက်ထင်နေရင်လုံးဝကိုမှားသွားမယ်

အရမ်းကိုမွှေလွန်းလို့ Byun Baekhyun ဆိုတဲ့နာမည်ကြားတာနဲ့ ထွက်ပြေးချင်လောက်အောင်စွမ်းဆောင်နိုင်သောတစ်ဦးတည်းသောလူသားပါပေတည့်...

လော်စပီကာအကိုကြီးနဲ့ အမွှေစိန် Byun Baekhyun ဆိုဒီရက်ကွက်ထဲမသိတဲ့သူလုံးဝမရှိသလောက်ပင်...

မြေကြီးပြိုကျမတတ်အသံနဲ့နှိုးတာတောင်မှ ကုတင်ပေါ်မှာဆန့်ဆန့်ကြီးနဲ့ခန့်ခန့်ကြီးအိပ်ပျော်နေတဲ့ Byun Baekhyun တို့နည်းနည်းမျှပင်မဖြုံ...သူ့ကိုသီချင်းဆိုသိပ်နေတယ်မှတ်နေသလားတောင်မသိ ပြုံးတောင်ပြုံးနေလိုက်သေးသည်။

သူမနိုးတာအကြောင်းမဟုတ်ဘူး...ရက်ကွက်ထဲကလူတွေတော့ကြာရင် နားဆေးခန်းသွားပြရတော့မယ်

"Yarrr!! Byun Baekhyun နေကမင်းဖင်ထဲကိုထိုးရုံမက မင်းဖင်ထဲဝင်တော့မယ် ထတော့....ကျောင်းမသွားတော့ဘူးလား"

Kris အော်ဟစ်ပြောနေပါသော်ငြား Baekhyun တို့အိပ်မက်ကမ္ဘာထဲကခုထိထွက်မလာသေး...

စောင်တွေခေါင်းအုံးတွေက အောက်ကိုအပုံလိုက်ပြုတ်ကျနေကာ Baekhyun ကတော့ကုတင်ကို ကန့်လန့်ဖြတ်ကားယားကြီးအိပ်နေလေရဲ့....

အအိပ်ညင်သာလွန်းသူပါလေ

တစ်ခန်းလုံးလဲရှုပ်ပွနေတာ ခြေချစရာပင်မရှိ။
အဝတ်တွေကဟိုတစ်ပုံဒီတစ်ပုံ
စာအုပ်တွေကလဲ အောက်မှာမွစာကြဲ
ဒီလိုလူမျိုးနဲ့ဘယ်လိုများညီအကိုတော်နေလဲဆိုတာ Kris စဉ်းစားလို့ပင်မရချေ။

Baddest BabyWhere stories live. Discover now