Part--2

1.8K 248 47
                                    

"Hyunee ထတော့!! ဆရာထွက်သွားပြီ"

Sehun လှုပ်နှိုးတော့ Hyunee တို့တဝါးဝါးသမ်းကာထလာသည်။

ကျောင်းရောက်ကတည်းကအိပ်နေတာမို့
ဆံပင်တွေကလဲ ကောက်ရိုးပုံခေါင်းပေါ်ကောက်တင်ထားသလိုရှုပ်ပွနေကာ ပါးစပ်ကလဲသွားရည်တွေပင်ကျလို့

ခုံပေါ်မှာမှောက်အိပ်ထားတာကြောင့်
နဂိုကတည်းကဖောင်းနေတဲ့ပါးလေးတွေက
နီနီလုံးလုံးလေးဖြစ်နေပြီး ဆွဲကိုက်ချင်စရာ...

"ဝါးးးးးး ဆရာစာသင်တာတော်ချက်နော် Sehunnie"

တဝါးဝါးသမ်းကာ ခပ်တည်တည်နဲ့ပြောလာတဲ့
Hyunee ကြောင့် Sehun ကြောင်အအဖြစ်သွားရသည်။

သူရောက်ကတည်းကအိပ်နေတာကို
ဆရာစာသင်ကောင်းမကောင်းဘယ်လိုသိ???

"မင်းရောက်ကတည်းကအိပ်နေတာကို
ဘယ်လိုသိလဲ??"

"ခ်ခ် ဒါက Byun Hyunee ရဲ့အားသာချက်ဘဲလေ
အိပ်မက်ထဲကနေသိတာပေါ့"

မရှိတဲ့မုတ်ဆိတ်မွှေးကိုပွတ်ကာ
ဆရာကြီးစတိုင်ဖမ်းပြောနေတဲ့ Hyunee ကိုကြည့်ပြီး
Sehun ခေါင်းတခါခါ....

ရုပ်ကြည့်တော့ မူကြိုကလေးရုပ်
လူကြီးပုံကဖမ်းချင်သေးတယ်

"အရမ်းတော်တာဘဲနော် Hyunee
ဆရာဘယ်လောက်စာသင်ကောင်းလဲဆိုရင်
အမြဲတမ်းစာကိုအာရုံစိုက်လုပ်တဲ့ ဟို roll 1 ကြီးတောင်
ငိုက်နေတယ်"

Sehun ပြောတော့ Hyunee တို့မျက်နှာ
ရှုံ့မဲ့လာလေပြီ

"ဟွန့် တခါတလေလေး Hyunee ကိုအလိုလိုက်မယ်မရှိဘူး ဖဲ့ဖို့ဘဲ Oh Sehun မီဝေါ့"

နှုတ်ခမ်းတတောင်လောက်စူကာ
ဆောင့်အောင့်ပြောပါသော Hyunee....

ဘုရားဘုရား....
ငါအထက်တန်းကျောင်းသားကိုသူငယ်ချင်းတော်မိတာလား မူကြိုကလေးကိုသူငယ်ချင်းတော်မိတာလားဘဲ

"ဟီးဟီး ဒါနဲ့လေ Sehunnie shi"

သွားသုံးဆယ့်နှစ်ချောင်းပေါ်အောင်ရယ်ကာ
ပြီတီတီရုပ်နဲ့ အနားကပ်လာတဲ့သူ့ကြောင့်
Sehun ကြက်သီးတွေပင်တဖြန်းဖြန်းထသွားရသည်။

ဘာတွေမွှေဦးမလို့လဲမသိ....

"ဘာလဲပြော....ဘာမှတော့မမွှေနဲ့နော် Hyunee"

Baddest BabyWhere stories live. Discover now