part-7

1.5K 190 0
                                    

Zawgi...

နှင်း​ဖွေး​ဖွေးတို့ သီးထန်​စွာ ကျဆင်း​နေသည့်
ညလယ်​​ခေါင်​တွင်​ အနက်​​ရောင်​ ၀တ်​ရုံရှည်
နှင့်​ မျက်​နှာဖုံးတပ်​လူသားက အသက်​လု​ပြေး
လွှား​နေသည်​...

အ​ဆောင်​များကြားမှ ပုန်းကွယ်​ကာ ​ပြေးလွှား
နေ​သော အနက်​​ရောင်​လူသား အ​နောက်​မှ
ထပ်​ကျက်​မခွာ လိုက်​​နေကြ​သော ဓားရှည်
နှင့်​ လူများသည်​ အနက်​​ရောင်​လူသားအား
အလွတ်​​ပေးမည့်​ပုံ မ​ပေါ်​ပေ....

အနက်​​ရောင်​လူသားက အုတ်​နံရံတံတိုင်းကို
လှပစွာ ခုံ​ကျော်​၍ ​ဆောင်​ကြာမြိုင်ထဲသို့ဝင်
သွား​လေသည်​။အနက်​​ရောင်​လူသားက​တောင်
ဘက်​ စွန်းတွင်​ တစ်​​ဆောင်​ထဲ သီးသန့် တည်​ရှိ
နေသည့်​ တိတ်​ဆိတ်​လျက်​ရှိ​သော အ​ဆောင်​၏
တံခါးရွက်​ ​ရှေ့တွင်​ကပ်​လျှက်​ရပ်​​နေလိုက်​သည်​.....

"ဘယ်​သူလဲ...ဒီအချိန်​ကြီးဘာလာလုပ်​"

တံခါးရွက်​ကိုတွန်းဖွင့်​ပြီး ထွက်​လာတဲ့ အသံ
သေး​သေးပိုင်​ရှင်​​လေးရဲ့ နှုတ်​ခမ်း​တွေကို
လက်​၀ါးကြီးကြီးနဲ့ပိတ်​ခြင်းခံလိုက်​ရတယ်​...
အနက်​​ရောင်​လူသားရဲ့ ဆွဲ​ခေါ်သွားမှု​ကြောင့်
အခန်းထဲကို ယှက်​ကန်​ယှက်​ကန်​နဲ့ မိန်းမငယ်
လေးပါသွားရှာသည်​.....

"​တောင်းပန်​ပါတယ်​...တိတ်​တိတ်​​နေ​ပေးပါ
ကို မင်းကို ဒုက္ခမ​ပေးပါဘူး......"

အချိန်​အနည်းငယ်​ကြာမြင့်​ပြီးချိန်​မှာ​တော့
မိန်းက​လေးငယ်​ရဲ့ပါးစပ်​​ပေါ်က လက်​​တွေ
ကိုဖယ်​ရှားလိုက်​ပြီး ထွက်​သွားရန်​ ဟန်​ပြင်
လိုက်​တယ်​..မိန်းက​လေးငယ်​က အနက်​​ရောင်
လူသားရဲ့ လက်​တစ်​ဖက်​ကိုလွှဲဆွဲလိုက်​ပြန်​တယ်​.....

"ဒီအ​ဆောင်​က​နေ တည့်​တည့်​ထွက်​သွားပြီး
မြောက်​ဘက်​ကို ​ကွေ့လိုက်​ရင်​ ​တောလမ်း
လေးကို ​တွေ့လိုက်​မယ်​.....လူကြီးမင်းအတွက်
လုံခြုံမှာပါ....."

"​ကျေးဇူးပါ.......​ယော...."

မိန်းက​လေးငယ်​ရဲ့ ခန္ဓာကိုယ်​​လေး အနည်း
ငယ်​တုန်​လို့သွား​လေသည်....အနက်​​ရောင်
လူသားက​တော့ အ​မှောင်​ထဲတိုးဝင်​​ပျောက်
ကွယ်​သွား​လေသည်​......

Bamboozle(xingho)[complete]Where stories live. Discover now