Part 1
Kongpob
ကျွန်တော်နဲ့ သခင်လေး မင်္ဂလာဆောင်ပြီး မိဘတွေလက်ဖွဲ့ ထားတဲ့ လုံးချင်းအိမ်လေးမှာပဲ မင်္ဂလာဦးည ကျရောက်ခဲ့ရသည် သခင်လေးအဝတ်အစား မလဲပဲ ကုတင်ပေါ်တမ်းလှဲသည်
" ရေမချိုးတော့ဘူးလား "
" မချိုးတော့ဘူး အိပ်ချင်ပြီ "
" ညစ်ပတ်လိုက်တာ "
" ဘာပြောတာ ချာတိတ် "
" ညစ်ပတ်တယ်လို့ပြောတာ မင်္ဂလာဦးညတောင်ရေမချိုးဘူး "
" မင်းကဘာလဲ ချာတိတ် "
" ကျွန်တော်ကဘာလဲ ကျွန်တော်က လူပေါ့ဗျ "
" အဲ့ဒါကိုပြောတာမဟုတ်ဘူး အခုမင်းနဲ့ ငါနဲ့ ဘာတော်လဲလို့ မေးတာ "
" ကျွန်တော်က P ရဲ့သတို့သားလေ "
" အဲ့တော့ ငါကို မင်းရေချိုးပေးလေ "
" ဗျာ ကျွန်တော်ချိုးပေးရမယ် ဟုတ်လား "
" အေးလေ မင်းပဲငါကိုရေချိုးခိုင်းစေချင်တာ မဟုတ်လား "
" ဟုတ်ကဲ့ "
ကျွန်တော် P အင်္ကျင်္ီကို ချွတ်မယ်လုပ်တော့ P ကျွန်တော်လက်ကို ပုတ်ထုတ်ပြီး
" မထိနဲ့ ငါအသားကို မထိနဲ့  ငါမင်းကိုနောက်တာ မင်းက ငါသတို့သားဆိုပေမဲ့ မင်းနဲ့ငါက ချစ်လိုယူတာ မဟုတ်ဘူး အဲ့ဒါကြောင့် အတူအိပ်စရာလည်း မလိုဘူး မင်း ဘေးခန်းမှာသွားအိပ် "
" မားတို့သိသွားရင် ဘယ်လိုလုပ်မလဲ ကျွန်တော်ကြောက်တယ်နော် "
" မင်းအသက်က ၂၀ ကျော်နေပြီ စီးပွားရေးပညာရှင်လည်းဖြစ်နေပြီ ဒါတောင် မိဘကိုကြောက်တုန်းလား "
" ကြောက်တာမဟုတ်ဘူး ရိုသေတာ ကျွန်တော်က သား လိမ္မာဗျာ "
" ပြတိုက်ထဲက လူသားနဲ့ လာတိုးနေသေးတယ် "
" အခန်းခွဲအိပ်ရင် မားနဲ့ဖော့တို့က ကျွန်တော်ကို သတ်လိမ့်မယ် အဲ့တော့ ကျွန်တော်ဆိုဖာပေါ်မှာ အိပ်မယ် "
" မင်းသဘောပဲ ငါတော့အိပ်ပြီ ကုတင်ပေါ်နည်းနည်းလေးမှ မတက်နဲ့နော် "
" မတက်ပါဘူးဗျ "
ကျွန်တော်ရေချိုးခန်းထဲ ရေဝင်ချိုးပြီး ညဝတ်အင်္ကျင်္ီ ဝတ်ပြီး P ကို ကြည့်လိုက်တော့ အိပ်ပျော်နေတာ ပါးစပ်ကဟထားသေးတယ် ကလေးကျနေတာပဲ စောင်ကလည်း မခြုံထားဘူး အင်္ကျင်္ီလဲပေးချင်ပေမဲ့ Pက သူအသားကိုမထိနဲ့ပြောထားတော့ စောင်ပဲခြူံပေးလိုက်သည် စောင်ခြုံရင်း P မျက်နှာကြည့်မိတော့ Pရုပ်က တည်ကြည့်တယ် ချောမောသော မျက်နှာပြင်ထက် ချစ်စရာကောင်းတဲ့ မျက်နှာသွင်ပြင်ရှီတယ် အပေါက်ဆိုးတာကလွှဲပြီး ကျန်တာ အကုန်ချစ်စရာကောင်းတယ် Pက အပျင်းလည်းကြီး ညစ်ကလည်းညစ်ပတ်သေးတယ် ဘယ်လိုသခင်လေးပါလိမ့်
YOU ARE READING
အချစ်ကျေးကျွန်
Fanfictionချစ်မိတော့လည်း သူရဲ့အစေခံ ကျေးကျွန်အဖြစ် ကျရှုံးသွားရတယ် လိုသလိုစေခိုင်းပါ သခင်ကျေနပ်ဖို့က အဓီကပါ