Love is....sometime ( 1 )

41 4 0
                                    

ဒေါက် ဒေါက်!!

"အိပ်ပျော်နေပြီထင်တယ် လရောင်ရေ!! တံခါးဖွင့်ပါဦး"

"ရှင်း...ငါမအိပ်ပါဘူး နိုးနေပါပြီ"

" စာတွေကရပြီမလား
မနက်စာအဆင်သင့်ဖြစ်နေပြီ လာ စားသွားနော်"

"အင်း မျက်နှာသစ်ပြီးလာခဲ့မယ်"
_
_
_
_
_
_

လရောင် ရေချိုးသေချာသန့်စင်ကာ
ထွက်လာတော့ ရှင်းက ထမင်းစားပွဲမှာမုန့်လေးတွေသေချာပြင်ပေးနေသည်
အသည်းယားလာတာနဲ့
ခါးလေးကိုဖက်ကာ ပါးကိုမွှေးကြူလိုက်သည်

"လရောင် မလုပ်နဲ့ မင်းက သေချာရေချိုးထားတာ
ငါကညစ်ပတ်နေတယ် မင်းပေကုန်လိမ့်မယ်"

လရောင် အချိန်မှီစားနိုင်ရန် စောစောထကာ
ထမင်းချက်ပြင်ဆင်ပေးရသည်မို့
ရှင်းသန့် မျက်နှာတောင်မသစ်အားသေးပါ

"ချစ်လို့လေကွာ"

ရှင်းသန့်ပြုံးမိသည် လရောင်ရဲ့ဒီလိုအပြောလေးတွေနဲ့တင်သူ
အမောပြေရသည်

"မြန်မြန်ထိုင် မုန့်စား နောက်ကျနေမယ်ဒီမှာထမင်းချိုင့်"

"အင်းပါ"

"စာမေးပွဲဖြေနိုင်ပါစေနော် ရှင်း လရောင်ကိုယုံတယ်"

"ငါသေချာပေါက်ဖြေနိုင်မှာ "

ကိုယ်ပြင်ပေးတဲ့မနက်စာစားနေသော ချစ်သူမျက်နှာကို
တစိမ့်စိမ့်ကြည့်ရင်း စာမေးပွဲအဆင်ပြေပါစေဆုတောင်းနေမိသည်

"ရှင်းငါသွားပြီနော် "

ရွှတ်!!!

"လရောင်!!!!"

"အားဆေးယူတာလေမရဘူးလား "

"သွားတော့သွား! "

"အင်းပါ ချစ်တယ်နော် "

"အင်း သတိထားသွားနော်"

_
_
_
_
လရောင်ထွက်သွားတော့မှ နာရီကြည့်မိသည်
အလုပ်သွားဖို့အချိန်လိုသေးပါတယ်လေ

ကျွန်တော့်ဘဝအကြောင်းကရိုးရှင်းသည်
ကျွန်တော်နဲ့လရောင်ကမိဘမဲ့
ငယ်ငယ်ထဲကမိဘမဲ့ကျောင်းမှာအတူကြီးပြင်းလာခဲ့ပြီး
ချစ်သူတွေဖြစ်ခဲ့ကြသည် သာမန်သမီးရည်းစားတွေလိုပဲ
ကျွန်တော်တို့လက်တွဲခဲ့ကြသည် ကျွန်တော်တို့ဆက်ဆံရေးကိုထူးဆန်းတယ်မထင်ပေမဲ့
ပတ်ဝန်းကျင်ကထင်ကြသည် အရင်ထဲကမိဘမဲ့ဆိုပြီးအနှိမ်ခံခဲ့ရပြီး တဆင့်ပိုပြီး အခြောက်ဆိုကာအနိုင်ကျင့်ကြသည်

You've reached the end of published parts.

⏰ Last updated: Nov 29, 2018 ⏰

Add this story to your Library to get notified about new parts!

Love is....sometimeWhere stories live. Discover now