ဒေါက် ဒေါက်!!
"အိပ်ပျော်နေပြီထင်တယ် လရောင်ရေ!! တံခါးဖွင့်ပါဦး"
"ရှင်း...ငါမအိပ်ပါဘူး နိုးနေပါပြီ"
" စာတွေကရပြီမလား
မနက်စာအဆင်သင့်ဖြစ်နေပြီ လာ စားသွားနော်""အင်း မျက်နှာသစ်ပြီးလာခဲ့မယ်"
_
_
_
_
_
_လရောင် ရေချိုးသေချာသန့်စင်ကာ
ထွက်လာတော့ ရှင်းက ထမင်းစားပွဲမှာမုန့်လေးတွေသေချာပြင်ပေးနေသည်
အသည်းယားလာတာနဲ့
ခါးလေးကိုဖက်ကာ ပါးကိုမွှေးကြူလိုက်သည်"လရောင် မလုပ်နဲ့ မင်းက သေချာရေချိုးထားတာ
ငါကညစ်ပတ်နေတယ် မင်းပေကုန်လိမ့်မယ်"လရောင် အချိန်မှီစားနိုင်ရန် စောစောထကာ
ထမင်းချက်ပြင်ဆင်ပေးရသည်မို့
ရှင်းသန့် မျက်နှာတောင်မသစ်အားသေးပါ"ချစ်လို့လေကွာ"
ရှင်းသန့်ပြုံးမိသည် လရောင်ရဲ့ဒီလိုအပြောလေးတွေနဲ့တင်သူ
အမောပြေရသည်"မြန်မြန်ထိုင် မုန့်စား နောက်ကျနေမယ်ဒီမှာထမင်းချိုင့်"
"အင်းပါ"
"စာမေးပွဲဖြေနိုင်ပါစေနော် ရှင်း လရောင်ကိုယုံတယ်"
"ငါသေချာပေါက်ဖြေနိုင်မှာ "
ကိုယ်ပြင်ပေးတဲ့မနက်စာစားနေသော ချစ်သူမျက်နှာကို
တစိမ့်စိမ့်ကြည့်ရင်း စာမေးပွဲအဆင်ပြေပါစေဆုတောင်းနေမိသည်"ရှင်းငါသွားပြီနော် "
ရွှတ်!!!
"လရောင်!!!!"
"အားဆေးယူတာလေမရဘူးလား "
"သွားတော့သွား! "
"အင်းပါ ချစ်တယ်နော် "
"အင်း သတိထားသွားနော်"
_
_
_
_
လရောင်ထွက်သွားတော့မှ နာရီကြည့်မိသည်
အလုပ်သွားဖို့အချိန်လိုသေးပါတယ်လေကျွန်တော့်ဘဝအကြောင်းကရိုးရှင်းသည်
ကျွန်တော်နဲ့လရောင်ကမိဘမဲ့
ငယ်ငယ်ထဲကမိဘမဲ့ကျောင်းမှာအတူကြီးပြင်းလာခဲ့ပြီး
ချစ်သူတွေဖြစ်ခဲ့ကြသည် သာမန်သမီးရည်းစားတွေလိုပဲ
ကျွန်တော်တို့လက်တွဲခဲ့ကြသည် ကျွန်တော်တို့ဆက်ဆံရေးကိုထူးဆန်းတယ်မထင်ပေမဲ့
ပတ်ဝန်းကျင်ကထင်ကြသည် အရင်ထဲကမိဘမဲ့ဆိုပြီးအနှိမ်ခံခဲ့ရပြီး တဆင့်ပိုပြီး အခြောက်ဆိုကာအနိုင်ကျင့်ကြသည်
YOU ARE READING
Love is....sometime
Romance"ငါအချစ်ကအမိုက်လောက်တောင်တန်ဖိုးမရှိဘူးလား" ရှင်းသန့်ကြယ်စင် "ကလေးမင်းကိုသိပ်ချစ်တယ်" နေမင်းသခင် "ကျွန်တော့်အမှားတွေကိုပြင်ဆင်ခွင့်ပြုပါ" လရောင်မ...