-1-

874 64 3
                                    

mood musicChet Baker - Almost Blue

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

mood music
Chet Baker - Almost Blue


မပွင့်တပွင့်နေဟာ လုံးလုံးကို ပျောက်ကွယ်သွားပြီးတဲ့နောက်
အုံ့မှိုင်းနေတဲ့တိမ်စိုင်တွေက အပီအပြင်ကိုပဲ မိုးရေစက်များ သွန်းချလေတော့သည် တစ်ပေါက်ပေါက်နဲ့ လာစင်နေတဲ့ မိုးစက်မိုးပေါက်တွေက ကျကျနန ကော်ဖီသောက်နေတဲ့ သူ့ကိုမဟုတ်ပဲ အရှေ့ကမှန်သားပြင် ပြူတင်းပေါက်တစ်ချပ်ဆီကိုသာ ။

ပြုံးပြနှုတ်ဆက်လာတဲ့ စားပွဲလေးထိုးကို သူခေါင်းငြိမ့်ရုံသာပြရင်း ဆိုင်တံခါးကို သာသာလေးတွန်းဖွင့်ပြီး မိုးရွာထဲလမ်းလျှောက်ဖို့ကိုပဲ ဆုံးဖြတ်လိုက်သည် ။

အရောင်စုံလှတဲ့ ထီးတွေက ဟိုတစ်လက် ဒီတစ်လက်နဲ့ ခြေချင်းလိမ်မတတ်လူတွေ များလွန်းသည့် လမ်းမပေါ်တွေ သူ ရောက်နေခြင်းသာ ။ လူတွေကြား တိုးကာဝှေ့ရင်း မိုးလေရှောင်ဖို့ ပြေးယောင်ယောင်ရှိတော့မယ့် ခြေလှမ်းတွေကို ရက်ရက်စက်စက် ရပ်တန့်ပစ်လိုက်တဲ့ တီးလုံးသံတစ်ခု ။ အသံလာရာကို ဖြတ်ခနဲလှည့်ကြည့်တဲ့အခါ လူပြတ်တဲ့နားက တူရိယာကိုယ်စီနဲ့ ကောင်လေး သုံးယောက်အုပ်စုကလွဲလို့ ကျန်တာတွေက ကြားလိုက်ရတဲ့သီချင်းသံနဲ့ လားလားမှကို မသက်ဆိုင် ။

မြင်လိုက်ရတဲ့ စန္ဒရားရယ် trumpetရယ်က တမင်တကာ ဦးနှောက်ထဲက မေ့ဖျာက်ဖို့ ကြိုးစားနေတဲ့ အခိုက်တွေကို ဆွဲပြီးနှိုက်ထုတ်နေအတိုင်းပင် ။ ကြားလိုက်ရတဲ့ သံစဉ်ကလည်း ခိုင်ခိုင်ရပ်နေတဲ့ ခြေတွေကို အလဲလဲ ပြိုကျအောင် လုပ်နေတဲ့အတိုင်း ။

တရိပ်ရိပ်နဲ့ ရုပ်ရှင်တစ်ခုအတိုင်းအတိုင်း အပြေးပေါ်လာတဲ့ ပုံရိပ်တွေက လွန်ခဲ့တဲ့ ၃၆နှစ်ကို ပြန်ခေါ်သွားနေတယ် ။ မညီမညာ ရှေ့သွားလေးနှစ်ချောင်းလေး ပေါ်အောင်ပြုံးရင်း ဓာတ်စက်က သီချင်းတွေကို လိုက်ဆိုနေတတ်တဲ့ ပုံရိပ်လေးတစ်ခု ။

' almost blue . .
almost all the things we used to do . . '

Chet Baker ရဲ့ Almost Blue ကို
မျက်လုံးမှိတ်ပြီး ခံစားချက်အပြည့်နဲ့ သီဆိုနေတဲ့ အသံချိုချိုကို သူ ဘယ်တုန်းကမှများ မေ့ဖူးမှာတဲ့လဲ ။ ယောင်ပွပွဖြစ်နေတဲ့ နို့နှစ်ရောင် လက်ဇကအင်္ကျီလေးကို ကာကီရောင် စတိုင်ဘောင်းဘီထဲ ထည့်ဝတ်ထားတဲ့ပုံလေးက မြင်သူတိုင်း ချစ်ခင်ပါတတ်တဲ့ သူ့ချစ်ရသူရဲ့ ကိုယ်ပွားလေးအတိုင်းပင်၊ ထိုသံပရာခြမ်းပုံစံ ဦးထုပ်ကလေး ဆောင်းထားတဲ့ အသံပိုင်ရှင်ဟာ တကယ်ကိုမှပဲ သူစောင့်မျှော်နေခဲ့တဲ့ လူတစ်ယောက်ရဲ့ အသံလေးနှင့်လည်း ချွတ်စွတ်ကိုတူလွန်းသည် ။

ပြန်လာပြီလား ..?

ဘယ်သူများသိပါ့မလဲ လွန်ခဲ့တဲ့ ၃၆နှစ်က နှစ်ကိုယ်ကြားပေးထားခဲ့တဲ့ ကတိနဲ့ဆုတောင်းလေးက အမှန်တကယ်ကို ဖြစ်လာတာဆိုရင် ... ။ ။

_______immortal_______



ကြိုးစားရေးကြည့်ပါ့မယ်နော် အရပ်ကတို့ရေ ㅠㅠ

IMMORTALWhere stories live. Discover now